ဘရာဇီးက တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာ ကူးစက်ခံရသူ ၅ သန်းကျော်လွန်ပြီဖြစ်ကြောင်းနဲ့ သေဆုံးသူ ၁၅၀,၀၀၀ နီးပါးရှိပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Fabio Teixeira/Anadolu)

ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားမှုအရ အင်္ဂါနေ့ (အောက်တိုဘာ ၆ ရက်) မှာ ကူးစက်ခံရသူ နောက်ထပ် ၃၁,၅၅၃ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၅,၀၀၀,၆၉၄ ဦးရှိလာကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘရာဇီးက အမေရိကန်နဲ့ အိန္ဒိယပြီးလျှင် ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။



သမ္မတဘိုလ်ဆွန်နာရိုဟာ COVID-19 အန္တရာယ်ကို လျော့ပေါ့ပြောခဲ့ကြောင်း စွပ်စွဲခံရပြီး ကျွမ်းကျင်သူတွေက တင်းကျပ်တဲ့ စီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပြုမှုကို လစ်လျူရှုူခဲ့ကြောင်း ဝေဖန်ခံခဲ့ရပါတယ်။ ဘိုလ်ဆွန်နာရိုကတော့ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှုတွေကို ပယ်ချခဲ့ပေမဲ့ lockdown အစီအမံတွေကို ဆန့်ကျင်ခဲ့ပြီး စီးပွားရေးကို အာရုံစိုက်ခဲ့ရာ သဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။

(Photo: Sebastiao Moreira/EPA)

ဘရာဇီးမှာ အောက်တိုဘာ ၆ ရက်နေ့က COVID-19 ကြောင့် သေဆုံးသူ ၇၃၄ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁၄၈,၂၂၈ ဦးရှိလာခဲ့ပါတယ်။ ဘရာဇီးဟာ လက်တင်အမေရိကမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ဆော်ပေါလိုပြည်နယ်ဟာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာဖြစ်ပြီး သေဆုံးသူ ၃၆,၀၀၀ ခန့်ရှိခဲ့ပြီး ရီယိုဒီဂျနေရိုကတော့ သေဆုံးသူ ၁၉,၀၀၀ ခန့်ရှိခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က