ဒီလထဲမှာ တရားဝင် ထုတ်ပြန်ဖို့ ရှိပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာလည်း Samsung ဟာ စီးပွားရေးအရ အကျိုးအမြတ်ထွက်ဖို့ ရှိပါတယ်။


Samsung ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ တတိယသုံးလပတ် လုပ်ငန်းလည်ပတ်အမြတ်ငွေဟာ ကိုရီးယားဝမ် ၁၂.၃ ထရီလီယံ (ဒေါ်လာ ၁၀.၆ ဘီလျံ) ဝန်းကျင် ရောက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် တတိယသုံးလပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမြတ်ရာခိုင်နှုန်း ၅၈% ဖြစ်ပါတယ်။ 



Photo: Wall Street Journal

ဝင်ငွေအနေနဲ့ ၅% နီးပါး တိုးလာပြီး ဝမ် ၆၆ ထရီလီယံ (ဒေါ်လာ ၅၇ ဘီလျံ) ခန့် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ သုံးလပတ်ဝင်ငွေနဲ့ အမြတ်ရောင်းအားပေါ် သက်ရောက်မှုရှိတဲ့ စီးပွားရေးကဏ္ဍအကြောင်းတော့ Samsung ဘက်က ပြောကြားခြင်း မရှိပါဘူး။chips ဝယ်လိုအား မြင့်တက်တာကြောင့် ဝင်ငွေအမြတ် တက်လာတာ ဖြစ်ဖို့ ရှိတယ်လို့ CNET သတင်းက ခန့်မှန်းထားပါတယ်။

Samsung အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ စီးပွားရေးရလဒ်ရှင်းတမ်း ထုတ်ပြန်ဖို့ ရှိပါတယ်။ Samsung ဟာ တစ်ခြားကုမ္ပဏီတွေထက် စမတ်ဖုန်းနဲ့ TV ပိုရောင်းချနိုင်တဲ့အပြင် ကမ္ဘာတစ်လွှားမှ ထုတ်ကုန်တွေမှာ သုံးနေတဲ့ memory chips စီးပွားရေးဈေးကွက်မှာလည်း နေရာယူထားတာပါ။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း အိမ်ကနေ အလုပ်လုပ်လာမှု နဲ့ အွန်လိုင်းသုံးစွဲမှု များလာခြင်းကြောင့် အချက်အလက်သိမ်းဆည်းတဲ့ ဒေတာစင်တာတွေအတွက် chip လိုအပ်ချက်လည်း တက်လာခဲ့ပါတယ်။ Samsung ကုမ္ပဏီရဲ့ Semiconductor စီးပွားရေး ဝင်ငွေဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်း ၁၃% တိုးပြီး ဝမ် ၁၈.၂ ထရီလီယံရှိခဲ့တာ ဖြစ်ပါတယ်။

Photo: pocket-lint

စမတ်ဖုန်းဈေးကွက်အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ COVID-19 ကပ်ဘေးကြောင့် ထုတ်လုပ်မှုနဲ့ ဝယ်လိုအား ရုန်းကန်ရဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်လတွေမှာ လုပ်ငန်းလည်ပတ်မှု သိသိသာသာ ထိခိုက်နိုင်မယ်လို့ ကုမ္ပဏီက သတိပေးခဲ့ပါတယ်။ ဇူလိုင်လထဲမှာတော့ ဒုတိယသုံးလပတ်နဲ့ စာရင် တတိယသုံးလပတ် စမတ်ဖုန်းရောင်းအား မြင့်တက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က