သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် Web Application များမှာစစ်နိုင်ပြီ ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ်မဲစာရင်းကြေညာခြင်းကို တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီအလိုက် အွန်လိုင်းက ကြည့်ရှုနိုင်မယ့် Web Application တွေကို အောက်တိုဘာလ (၈)ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မူလက တစ်နိုင်ငံလုံးကြည့်ရှုနိုင်မယ့် Web Applicationကို ထုတ်ပြန်ကြေညာထားပေမယ့်လည်း ဝင်ရောက်ကြည့်ရှုသူများပြားလွန်းတဲ့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ အခက်အခဲဖြစ်ပေါ်ခဲ့တာကြောင့် ဒီလို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြည့်ရှုနိုင်ဖို့ ခွဲထုတ်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။



တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းတွေကိုတော့ ကချင်ပြည်နယ် http://bit.ly/kachin-voters

ကယားပြည်နယ် http://bit.ly/kayah-voters ၊ ကရင်ပြည်နယ် http://bit.ly/kayin-voters ၊ ချင်းပြည်နယ် http://bit.ly/chin-voters

စစ်ကိုင်းတိုင်းဒေသကြီး http://bit.ly/sagaing-voters ၊ တနင်္သာရီတိုင်းဒေသကြီး http://bit.ly/tanintharyi-voters

ပဲခူးတိုင်းဒေသကြီး http://bit.ly/bago-voters ၊ မကွေးတိုင်းဒေသကြီး http://bit.ly/magway-voters ၊ မန္တလေးတိုင်းဒေသကြီး http://bit.ly/mandalay-voters ၊ မွန်ပြည်နယ် http://bit.ly/mon-voters ၊ ရခိုင်ပြည်နယ် http://bit.ly/rakhine-voters ၊ ရန်ကုန်တိုင်းဒေသကြီး http://bit.ly/yangon-voters ၊ ရှမ်းပြည်နယ် http://bit.ly/shan-voters ၊ ဧရာဝတီတိုင်းဒေသကြီး http://bit.ly/ayarwaddy-voters နဲ့ ပြည်ထောင်စုနယ်မြေအတွက် http://bit.ly/naypyitaw-voters တို့မှာ ဝင်ရောက်စစ်ဆေးနိုင်ပါပြီ

တစ်နိုင်ငံလုံးမဲဆန္ဒရှင်စာရင်းကို findyourpollingstation.uec.gov.mm မှာ စစ်ဆေးနိုင်သလို Mobile Application ဖြစ်တဲ့ findyourpollingstation.apk ကို download ရယူစစ်ဆေးနိုင်တာ ဖြစ်ပါတယ်။


လက်ရှိ ကိုဗစ်၁၉ရောဂါအခြေအနေကြောင့် မဲဆန္ဒရှင်စာရင်းတွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်သလို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာလည်း အောက်တိုဘာလ ၁ရက်ကနေ ၁၄ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ရက်ကြာ ထပ်မံကြေညာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က