လူနာအချို့မှာ ကိုဗစ်ပိုး ရှိမှန်းမသိဘဲ အခြားရောဂါတွေကို ကုသဖို့ ဆေးရုံကြီးကို လာရောက် ပြသရာကနေ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရတာများတယ်လို့ သိရပါတယ်။

ကိုဗစ် ဒုတိယလိူင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၅၀ နီးပါး Covid-19 ကူးစက်ခံထားရတယ်လို့ အရေးပေါ်ဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမော်မော်ဦးကပြောပါတယ်။



လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း အားလုံးဟာ ကျန်းမာရေးကောင်းမွန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူမရှိဘူးလို့ဆိုပါတယ်။

"လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေရော၊ သူနာပြုတွေရော၊ အခြားကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၄၀ကျော် ၊ ၅၀ ဝန်းကျင် Covid-19 ကူးစက်ခံထားရတယ်။ အားလုံးလည်း ကျန်းမာရေးကောင်းပါတယ်။ နဂိုထဲက ရောဂါအခံမရှိတာများတော့ ဖျားတာ၊ ချောင်းဆိုးတာလောက်ပဲရှိတယ်။"လို့ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်၊၊ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာတွေထဲက လူနာအချို့မှာ ကိုဗစ်ကပ်ရောဂါပိုးရှိနေပေမယ့် ရောဂါပိုး ရှိမှန်းမသိဘဲ အခြားရောဂါတွေကို ကုသဖို့ ဆေးရုံကြီးကို လာရောက် ပြသရာကနေ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကူးစက်ခံရတာများတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကုသတဲ့ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပါတယ်။

နောက်ပိုင်းမှာတော့  ရန်ကုန်တိုင်းအတွင်းက ကိုဗစ်ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရန်ကုန်ဆေးရုံသစ်ကြီး JICA မှာ ထားရှိပြီးကုသမှုပေးဖို့ ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က