လိုအပ်တာတာထက်ပိုပြီး တင်ပြတောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ဆေးရုံတွေမှာ ကိုဗစ်လူနာအရေအတွက်တွေများလာတာနဲ့အမျှ နေရာအခက်အခဲတွေရှိလာသလို PPE ဝတ်စုံတွေအပါအဝင် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ဆေးရုံတွေအနေနဲ့ ဆေးဝါးလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနက ဆေးရုံတွေကို လိုအပ်သလောက် ဖြန့်ဖြူးပေးနေပြီး ဆေးရုံတွေအနေနဲ့ကလည်း လိုသလောက်တင်ပြတောင်းခံနိုင်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကိုပြောပါတယ်။



“ ဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့ပြောထားပြီးသားပါ။ ဆေးရုံတွေမှာ လိုအပ်တဲ့ဆေးပစ္စည်းတွေကို လိုအပ်သလောက် ကျွန်မတို့ဖြန့်ဖြူးပေးနေပါတယ်။ ဒါ့အပြင် ဆေးရုံတွေအနေနဲ့ကလည်း မိမိမှာ ဘာတွေနည်းနေပြီလဲ၊စသဖြင့် လိုအပ်တာကို တောင်းခံလို့ရပါတယ်။ တောင်းခံတဲ့အခါမှာ လိုအပ်တာထက်ပဲ ပိုပြီးတော့ တောင်းခံပါဆိုပြီး ပြောထားတယ်" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဆေးရုံတွေမှာ ကျန်းမာရေးဆေးဝါးပစ္စည်းလိုအပ်ချက်တွေက်ု ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် ဦးစီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဆေးရုံတွေဘက်က တင်ပြတောင်ခံလာတဲ့ ပစ္စည်းတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ အချိန်မီ ရရှိနိုင်အောင် ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဝန်ကြီးဌာနအနနဲ့ ဆေးဝါးပစ္စည်းတွေကို လိုအပ်သလောက် ဖြန့်ဖြူးပေးနေသလို လူနာတွေ နေထိုင်ရေးအတွက်ကိုလည်း ဆေးရုံတွေတိုးချဲ့ပြင်ဆင်လျှက်ရှိနေပါတယ်။ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာများလာတာနဲ့အမျှ လူနာအတွက် အစိုးရဆေးရုံတွေမှာ နေရာတွေတိုးချဲ့ပြင်ဆင်နေသလို ယာယီဆေးရုံတွေကိုလည်းပြင်ဆင်ထားတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ တိုးချဲ့ပြင်ဆင်မှုကို မနေ့က စတင်ဆောင်ရွက်နေပြီး မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွေမှာလည်း နေရာတွေ တိုးချဲ့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က