ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ဆာလောင်မွတ်သိပ်မှုပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေများ တိုးတက်ရန် အားထုတ်ဆောင်ရွက်မှုတွေအတွက် ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (World Food Programme - WFP) ကို ၂၀၂၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

(Photo: AP)

WFP အဖွဲ့အစည်းဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ကမ္ဘာ့နေရာဒေသတွေမှာ ဆာလောင်မွတ်သိပ်မှုပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေများ တိုးတက်ရန် ၎င်းရဲ့ အားထုတ်ဆောင်ရွက်မှုတွေအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရ ‌ရွေးချယ်ချီးမြှင့်လိုက်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။



ယခုနှစ်ရဲ့ ဒီဆုနဲ့အတူ ဆာလောင်မွတ်သိပ်မှု ခံစားနေရတဲ့ သို့မဟုတ် ဆာလောင်မွတ်သိပ်မှုအန္တရာယ် ခြိမ်းခြောက်မှုကြုံနေရတဲ့ လူဦးရေ သန်းပေါင်းများစွာကို ကမ္ဘာ့က အာရုံစိုက်စေဖို့ နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဆန္ဒပြုပါတယ်

"ယခုနှစ်ရဲ့ ဒီဆုနဲ့အတူ ဆာလောင်မွတ်သိပ်မှု ခံစားနေရတဲ့ သို့မဟုတ် ဆာလောင်မွတ်သိပ်မှုအန္တရာယ် ခြိမ်းခြောက်မှုကြုံနေရတဲ့ လူဦးရေ သန်းပေါင်းများစွာကို ကမ္ဘာ့က အာရုံစိုက်စေဖို့ နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဆန္ဒပြုပါတယ်" လို့ ကော်မတီဥက္ကဌ Berit Reiss-Andersen က အော်စလိုမြို့မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကို ကြေညာခဲ့စဥ် ပြောကြားပါတယ်။

(ဆုရွေးချယ်ရေးကော်မတီဥက္ကဌ Berit Reiss-Andersen) (Photo: EPA)

WFP ဟာ ကမ္ဘာတစ်ဝန်းမှာ စားနပ်ရိက္ခာတွေကို ရဟတ်ယာဥ် သို့မဟုတ် ဆင် သို့မဟုတ် ကုလားအုတ်ဖြင့် သယ်ဆောင်ကာ ဖြန့်ဝေပေးနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းအဖြစ် ဂုဏ်ယူစွာလုပ်ဆောင်နေပါတယ်။ WFP က ခန့်မှန်းမှုအရ ကမ္ဘာ့လူဦး‌‌ရေ သန်း ၆၉၀ ခန့် (လူ ၁၁ ဦးမှာ တစ်ဦး) ဟာ အစာအိမ်ဟောင်းလောင်းဖြင့် အိပ်ယာဝင်နေကြရတယ်လို့ ဆိုပါတယ်။

"WFP ရဲ့ နှစ်လိုဖွယ်ရာ လုပ်ဆောင်မှုတွေထဲမှာ တစ်ခုကတော့ ကျွန်တော်တို့က ဒီနေ့နဲ့ မနက်ဖြန်အတွက်ပဲ စားနပ်ရိက္ခာထောက်ပံ့တာမျိုးမဟုတ်ဘဲ နောက်နေ့ နောက်နေ့တွေမှာ သူတို့ကိုယ်တိုင် စဥ်ဆက်မပြတ် ဆက်ရပ်တည်နိုင်အောင် လူတွေကို အသိပညာ ဗဟုသုတွေရှိစေတာပါပဲ" လို့ WFP ပြောခွင့်ရပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ကြေညာပြီးနောက် ပြောခဲ့ပါတယ်။

(Photo: Reuters)

ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်းက ကမ္ဘာတစ်ဝန်း ဆာလောင်မွတ်သိပ်မှုပပျောက်ရေးဟာ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်ခြင်းနဲ့ ခွဲခြားမရဘဲ ဆက်နွယ်နေကြောင်း ဩဇာကြီးမားတဲ့ သတိပေးချက်တစ်ခု ဖြစ်ခဲ့ကြောင်း WFP က Twitter မှာ ရေးသားထားပါတယ်။ WFP ကို ၁၉၆၁ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယမန်နှစ်အတွင်း လူဦးရေ ၉၇ သန်းကို ကူညီခဲ့ပြီး နိုင်ငံပေါင်း ၈၈ နိုင်ငံရှိ လူတွေကို စားနပ်ရိက္ခာခွဲတမ်း ၁၅ ဘီလီယံ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါတယ်။

ဒီနေ့နဲ့ မနက်ဖြန်အတွက်ပဲ စားနပ်ရိက္ခာထောက်ပံ့တာမျိုးမဟုတ်ဘဲ နောက်နေ့ နောက်နေ့တွေမှာ သူတို့ကိုယ်တိုင် စဥ်ဆက်မပြတ် ဆက်ရပ်တည်နိုင်အောင် လူတွေကို အသိပညာ ဗဟုသုတွေရှိစေတာပါ

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုထားတဲ့ လူပုဂ္ဂိုလ် ၂၁၁ ဦးနဲ့ အဖွဲ့အစည်း ၁၀၇ ခုရှိခဲ့ပြီး WFP ကို ရွေးချယ်ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟာ ရွှေတံဆိပ်တစ်ခု၊ ဆုလက်မှတ်နဲ့ အမေရိကန်ဒေါ်လာ ၁.၁ သန်း လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်တဲ့ အခမ်းအနားကို ပုံမှန်အားဖြင့် နှစ်စဥ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ထိုနေ့ဟာ နိုဘယ်ဆုရွေးချယ်ချီးမြှင့်မှုကို စတင်စေခဲ့သူ ဆွီဒင်လူမျိုး စက်မှုလုပ်ငန်းရှင်နဲ့ ပရဟိတသမား အဲလ်ဖရက်နိုဘယ် ၁၈၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က