ရေသန့်ဘူး(၅၀၀၀၀) နဲ့ လူနာစောင့်ကြည့်စက်တွေ လှူခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ Covid ကာလမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်လျှက်ရှိတာကို တွေ့ရပါတယ်။ 

Photo: Wutt Hmone Shwe Yi



အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ဌာန အတွက် လိုအပ်မှုရှိနေတဲ့ လူနာစောင့်ကြည့် ကရိယာ(Patient Monitor) ၂ လုံးနဲ့ ရေသန့်ဗူး 1 လီတာဗူးပေါင်း(၅၀၀၀) ကျော်ကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

" ယနေ့ ပြုသောကုသိုလ် လေးပါရှင့်။ ယခုလို Covid 19 ရောဂါကြောင့်ကျန်းမာရေးအတွက် အားလုံးစိုးရိမ်ပူပန်နေရတဲ့ အချိန်မှာ ကစ်လည်း တတ်နိုင်တဲ့ဘက်ကနေ အလှူလေးကို ယနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Covid 19 ကုသရေးအထူးကြပ်မတ်ဆောင်ဌာန အတွက်လိုအပ်နေသော Patient Monitor 2 နှစ်လုံး နှင့် ရေသန့်ဘူး 5000 လှူဖြစ်ပါတယ်။ ယနေ့ပြုသောကုသိုလ်ကြောင့် ဘေးဆိုးကပ်ဆိုးရောဂါဆိုးရန်မှ အမြန်ဆုံးကင်းဝေးကြပါစေ လို့ ဆုတောင်းပြုပါတယ်နော်" ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ (၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Covid ကာလမှာ မကြာခဏ အလှူအတန်းတွေ ပြုလုပ်နေတဲ့ အနုပညာရှင် တစ်ယောက်ပါ။ သူမအနေနဲ့ ကိုဗစ် ပထမလှိုင်းတုန်းက ဟယ်လ်ပင် ကလေးဆေးရုံ၊ လမ်းဘေးဝဲယာမှာရှိတဲ့ စည်ပင်ဝန်ထမ်းများ၊ စားဝတ်နေရေး အခက်အခဲကြုံနေရသူများ၊ သက်ကြီး ဘိုးဘွားများ အတွက် စားနပ်ရိက္ခာများနဲ့ ကျန်းမာရေး ထောက်ပံ့ငွေများ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် Covid ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ကျန်းမာရေးဌာန အသီးသီးတို့မှာ သွားရောက်လှူဒါန်းခဲ့ပြန်ပါသေးတယ်။ သြဂုတ်လအတွင်းမှာ ကျရောက်ခဲ့တဲ့ မွေးနေ့ အလှူကိုလည်း စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ရုပ်ရှင်လောကသားတွေအတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က