ဈေးကွက်ဝင်ဖုန်းအဖြစ် မိတ်ဆက်ဖို့ အစီအစဉ် မသိရသေးပါဘူး

စမတ်ဖုန်းဒီဇိုင်းမှာ အမြဲတမ်းဆန်းသစ်မှုတွေနဲ့ ခေတ်ရှေ့ပြေးနေတဲ့ Vivo ဟာ ထူးခြားတဲ့ Concept ဖုန်းဒီဇိုင်းသစ်ကို ထပ်ပြီး မိတ်ဆက်ပြသလိုက်ပါတယ်။

Vivo ရဲ့ Concept ဖုန်းသစ်ဟာ သီးသန့်ဖြုတ်ထားလို့ရတဲ့ ရှေ့ကင်မရာနဲ့ လာပြီး IFEA လို့ နာမည်ပေးထားပါတယ်။ modular ဆယ်လ်ဖီကင်မရာဖြစ်ပြီး သီးသန့် Device တစ်ခုအနေနဲ့လည်း သုံးနိုင်မှာပါ။ Vivo IFEA ဟာ Red Dot Design Award ဆု ရထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ 



Photo: Red Dot

Red Dot ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရဆိုရင် ဖြုတ်ထားလို့ရတဲ့ ဒီကင်မရာဟာ အသံနဲ့ ထိန်းချုပ်ပြီး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကင်မရာကို ဖုန်းကိုယ်ထည်ကနေ ဖြုတ်ထားပြီး တစ်ခြားနေရာမှာ သုံးလို့လည်း ရမှာ ဖြစ်ပါတယ်။ IFEA မှာ ရုပ်ငြိမ်စနစ်နဲ့ သိုလှောင်မှုကို တိုးမြှင့်ဖို့ accessories နဲ့ စက်ပိုင်းဆိုင်ရာအများအပြားလည်း ထည့်သွင်းပါရှိမှာပါ။

ကျောဘက်ဒီဇိုင်းမှာလည်း မြင်နေကျ ဖုန်းတွေနဲ့ ကွဲပြားနေပြီး multi-cam setup လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီဖုန်းဟာ Concept ဖုန်းဖြစ်လို့ ဒီဇိုင်းကလည်း ရှေ့ပြေးဒီဇိုင်းအဖြစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။ Vivo IFEA လို ဖုန်းတွေ ဈေးကွက်ထဲ ဝင်လာဖို့ဆိုတာကိုလည်း ကုမ္ပဏီဘက်က ပြောကြားခြင်း မရှိသးပါဘူး။

Photo: Red Dot

စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ဈေးကွက်မှာ ပြိုင်ဘက်တွေနဲ့ ခြားနားပြီး ဆွဲဆောင်အားကောင်းဖို့ ဒီဇိုင်းအပြောင်းအလဲသစ်တွေ အများကြီး လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကင်မရာထားသိုတဲ့ ပုံစံဟာ သိသိသာသာ ပြောင်းလဲခဲ့ပြီး notch အမျိုးမျိုးကနေ punch-hole ၊ pop-up နဲ့ အခုဆို မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာတွေအထိ အဆင့်ဆင့် နည်းပညာပြောင်းလာပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က