သရုပ်ဆောင် ထူးခြားကတော့ ကိုဗစ်ဒုတိယလှိုင်း အခြေအနေကြောင့် ဝက်နံရိုးမီးတောက် ရောင်းတာ ရပ်နားထားရတယ်လို့ဆိုပါတယ်။
Photo: Htoo Charr
ထူးခြားကတော့ ကိုဗစ်ကာလမှာ ဝက်နံရိုးမီးတောက် ရောင်းရင်း မိသားစု ဝမ်းစာဖြည့်နေရတယ်လို့ သိရပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ ဝက်သားဝယ်ဖို့တောင် ခက်ခဲလှတာကြောင့် ဝက်နံရိုး မီးတောက်ရောင်းတာ ရပ်ထားရတယ်လို့ Duwun ကို ပြောပါတယ်။
“ ဝက်နံရိုးမီးတောက်ရောင်းတာ အခု ရပ်တောင် ရပ်ထားရတယ်။ အခုချိန်မှာ ပိုးတွေ တွေ့တာက တစ်မျိုး၊ ပြီးတော့ ဝက်သားကလည်း ရှာလို့ မရတာတွေရှိတော့ အခုဆို မရောင်းရတာ နှစ်ပတ်လောက်ရှိပြီ။ ဒီတစ်ခေါက်က နည်းနည်း အဆင်မပြေဘူး။ ဒီတစ်ခေါက်ကတော့ အဆင်မပြေဘူး။ ဒီကြားထဲ အင်္ကျီတွေလည်း ရောင်းလိုက်သေးတယ်။ ဒါပေမယ့် Delivery လိုက်ပို့ရင် ပြဿနာတက်မှာ စိုးရိမ်လို့ ရပ်ထားရတာပါ” လို့ သူက ဆိုပါတယ်။
Photo: Htoo Charr
ထူးခြားအနေနဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ ဝင်ငွေ မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ ဝက်နံရိုးမီးတောက်ကိုလည်း ပြန်ရောင်းချင်နေပြီလို့ သူက ပြောပါတယ်။
Photo: Htoo Charr
ထူးခြားက လက်ရှိမှာတော့ သရုပ်ဆောင် မြင့်မြတ်၊ ကေညီ တို့နဲ့ အတူ All For Baby Facebook Page ကနေ ကလေးအသုံးအဆောင်များ၊ ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း Live လွှင့်ပြီး ဈေးရောင်းနေတာ တွေ့ရပါတယ်။ ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။