ကင်မ်အီလ်ဆွန်းရင်ပြင်မှာ စစ်ရေးပြအခမ်းအနားနဲ့ လူထုစုရုံးချီတက်ပွဲအတွက် ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရပါတီတည်ထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ (အောက်တိုဘာ ၁၀ ရက်) ကျင်းပပြုလုပ်ကြောင်း သိရပါတယ်။

(Photo: AP)

ပါတီတည်ထောင်မှု နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြုံယမ်းမြို့တော်မှာ စစ်ရေးပြပွဲကြီးတစ်ခု ကျင်းပပြုလုပ်ပြီး နောက်ဆုံးပေါ် လက်နက်တွေကို ထုတ်ဖော်ပြသနိုင်ကြောင်း နိုင်ငံတကာ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။ မြောက်ကိုရီးယားရဲ့ တိုးတက်လုပ်ဆောင်နေတဲ့ နျူကလီးယားစွမ်းပကားက အမေရိကန်မဟာမိတ်တွေနဲ့ အမေရိန်ပြည်မကြီးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။



ယနေ့ မနက်ပိုင်းအထိ မြောက်ကိုရီးယားအာဏာရပါတီ တည်ထောင်မှု နှစ်ပတ်လည်အထိမ်းအမှတ် စစ်‌ရေးပြအခမ်းအနား ကျင်းပနေခဲ့ခြင်းရှိ မရှိ လတ်တလော အတိအကျ မသိရကြောင်း AP သတင်းက ဖော်ပြပါတယ်။ မြောက်ကိုရီးယား ရုပ်မြင်သံကြားက ကြေညာထားတဲ့ အစီအစဥ်တွေအရ စစ်ရေးပြချီတက်ပွဲနဲ့ ပြည်လူထုစုရုံးချီတက်ပွဲကို ထုတ်လွှင့်မယ့်အစီအစဥ်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ ယနေ့ အခမ်းအနားဟာ အစမ်းလေ့ကျင့်မှုဖြစ်နိုင်တယ်လို့လည်း AP က ဆိုပါတယ်။

(Photo: AP)

တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားက ပြုံယမ်းမြို့တော်ရှိ ကင်မ်အီလ်ဆွန်းရင်ပြင်မှာ စစ်ရေးပြအခမ်းအနားနဲ့ လူထုစုရုံးချီတက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြောင်း ပြောထားခဲ့ကြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ အဘိုးဖြစ်သူနဲ့ နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်းကို ဂုဏ်ပြုမှုအဖြစ် ၂၀၁၇ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယားရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

ထိုနောက်ပိုင်း ၂၀၁၈ ခုနှအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား နှစ်ခုကိုတော့ တိုက်ရိုက် ထုတ်လွှင့်ခဲ့ခြင်းမရှိဘဲ မှတ်တမ်းတင်ရိုက်ကူးထားပြီးမှသာ ပြန်လည်ထုတ်လွှင်ပြသခဲ့ပါတယ်။ ယခုနှစ် မြောက်ကိုရီးယား အာဏာရပါတီရဲ့ နှစ်ပတ်လည်အခမ်းအနားဟာ အမေရိကန်အစိုးရနဲ့ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှု မတိုးသာမဆုတ်သာ ဖြစ်နေချိန်နဲ့ စီးပွားရေးအကျပ်အတည်း နက်ရှိုင်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

(Photo: AP)

လေ့လာသူတွေကတော့ ထိုကိစ္စရပ်တွေဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ ကင်မ်ဂျုံအန်ရဲ့ ခေါင်းဆောင်မှုအတွက် အကြီးဆုံး စမ်းသပ်မှုတွေအနက် တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ လေ့လာသုံးသပ်သူတွေက ယခုနှစ် ပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အသစ်တစ်မျိုး သို့မဟုတ် အခြား နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်လွှတ်နိုင်တဲ့ လက်နက်တွေကို ထုတ်ဖော်ပြသနိုင်ကြောင်း ပြောထားပါတယ်။ မြောက်ကိုရီးယားက အာဏာရပါတီ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားကြီးတစ်ခု ကျင်းပပြုလုပ်ခြင်းရှိ မရှိကိုတော့ ၎င်းတို့ရဲ့ နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်မှုအပေါ် ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က