တစ်နိုင်ငံလုံးမဲရုံပေါင်းက (၄)သောင်းကျော်ထားရှိသွားမှာပါ။

ကိုဗစ်ကာလအတွင်းမှာ စာသင်ကျောင်းတွေကို ကွာရန်တင်းစင်တာအဖြစ် အသုံးပြုထားတဲ့အတွက် မဲရုံအဖြစ်သုံးရန်နေရာအခက်အခက်တွေရှိနေပြီး တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း နှစ်သောင်းကျော် လိုအပ်လျှက်ရှိတယ်လို့ သိရပါတယ်။

အဓိက ရန်ကုန်မှာ အများဆုံးလိုအပ်နေတာဖြစ်ပြီး တခြားလိုအပ်တဲ့ တိုင်းဒေသကြီးပြည်နယ်တွေမှာလည်း ကိုဗစ်စည်းကမ်းနဲ့ ကိုက်ညီတဲ့ မဲရုံတွေဖြစ်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။



“ ပုံမှန်ဆို စာသင်ကျောင်းတွေကို မဲရုံအဖြစ်အသုံးပြုနေကြပါ။ ဒီနှစ်က စာသင်ကျာင်းတွေကို ကွာရန်တင်းစင်တာအဖြစ်အသုံးပြုထားတော့ မဲရုံလုပ်ဖို့အတွက်နေရာအခက်အခဲတွေရှိနေတယ်။

ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး မဲရုံပေါင်း (၂)သောင်းကျော်လောက်လိုတယ်။ ရန်ကုန်ကအများဆုံးလိုတာပေါ့။ မဲရုံတိုင်းကိုလည်း ကိုဗစ်စည်းကမ်းနဲ့ကိုက်ညီအောင် ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလုပ်နေပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရုံပေါင်း (၄)သောင်းကျော်ထားရှိသွားမှာဖြစ်ပြီး အဲဒီ (၄)သောင်းအတွက် (၂)သောင်းကျော်က နေရာအခက်အခဲဖြစ်နေတာပါ။ ရွေးကောက်ပွဲနေ့မှာလည်း မဲပေးတဲ့သူတွေ ကိုဗစ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးဖို့ အတွက်ကိုလည်း ကာကွယ်ရေးပစ္စည်းတွေ လိုအပ်သလောက်အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။ 

ပြည်သူတွေအနေနဲ့ မဲရုံတွေကို သွားရောက်မဲပေးခြင်းကတဆင့် ရောဂါကူးစက်မှုကိုကာကွယ်နိုင်အောင် ကိုယ်ပူချိန်တိုင်းတာ တာတွေလုပ်ဆောင်သွားမှာဖြစ်ပြီး သတ်မှတ်ကိုယ်ပူချိန်ထက်ကျော်လွန်ပါက ကျန်းမာရေးစောင့်ရှောက်မှုတွေပါ တစ်ခါတည်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် (၆၀)ကျော် သက်ကြီးပိုင်းတွေကိုလည်း ရောဂါကူးစက်မှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကြိုတင်မဲပေးနိုင်ရန် ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က