Ford ဟာ ကမ္ဘာတစ်လွှားမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ Automaker Company အနေနဲ့ ရပ်တည်လာခဲ့တာ နှစ်ပေါင်းတစ်ရာကျော် တိုင်ခဲ့ပါပြီ။ Ford Myanmar အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာကတော့ (၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သုံးစွဲသူ မိဘပြည်သူတွေဆီကို
အရည်အသွေးပြည့်မီပြီး စစ်မှန်တဲ့ Ford ကားတွေ၊ ကားအစိတ်အပိုင်းတွေနဲ့ စက်သုံးဆီတွေ ရောင်းချထောက်ပံ့နေခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ (၇) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့
Ford Automaker Compay အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော်အတွင်း ဘယ်လို အခက်အခဲတွေကို ဖြတ်ကျော်လာတယ်ဆိုတာနဲ့ အောင်မြင်မှုပန်းတိုင်တွေကို ဘယ်လို ဆွတ်ခူးလာနိုင်ခဲ့တယ်ဆိုတာကို စာဖတ်ပရိသတ်တွေ သိရအောင်ပြောပြပေးချင်ပါတယ်။
၁၈၉၆ ခုနှစ်မှာ Ford Motor Company ရဲ့ Founder ဖြစ်သူ Henry Ford က ဘီးလေးဘီးပါတဲ့ ပထမဆုံး စီးနင်းလို့ရတဲ့ Vehicle ဖြစ်တဲ့ Quadricycle ကို တီထွင်ခဲ့ပါတယ်။ မြင်းကောင်ရေလေးကောင်အား အင်ဂျင်ပါရှိပြီးတော့ အခုခေတ် ကားတွေလို Steering Wheel အစား Tiller ပါရှိပြီး ရှေ့တိုးလို့ရတဲ့ ဂီယာပဲပါရှိပြီး နောက်ဆုတ်လို့ရမယ့် ဂီယာမပါရှိခဲ့ပါဘူး။ ၁၉၀၁ ခုနှစ်မှာတော့ အဲဒီခေတ်အခါက ထိပ်တန်း ပြိုင်ကားမောင်းသူကို Henry Ford က အနိုင်ယူနိုင်ခဲ့တာပါ။Ford ကိုယ်တိုင် တီထွင်ခဲ့တဲ့ မြင်းကောင်ရေ(၂၆)ကောင်အား အင်ဂျင်ပါရှိတဲ့ “Sweepstakes” အမည်ပေးထားတဲ့ ကားကိုမောင်းပြီး မြင်းကောင်ရေ (၇၀)အား “Bullet” မောင်းနှင်တဲ့ တစ်ဖက်ကပြိုင်ပွဲဝင် Alexander Winton ကို အနိုင်ယူခဲ့တာပါ။ Henry Ford အတွက် အပြောင်းအလဲကြီးကြီးဖြစ်ခဲ့တဲ့ နှစ်လို့ပြောရမယ့် ၁၉၀၃ ခုနှစ်မှာတော့ ရှယ်ယာ တစ်ထောင်ကျော်၊ ရင်းနှီးမြှုပ်နှံသူ (၁၂) ယောက်နဲ့ အတူ Ford Motor Company ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ Ford Model A ကို ၁၉၀၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှာ ရောင်းချနိုင်ခဲ့ပြီး အမြတ်အစွန်း ဒေါ်လာ ၃၇,၀၀၀ ထိ ရရှိခဲ့တာပါ။
၁၉၀၈ ခုနှစ်မှာတော့ စျေးနှုန်းသင့်တင့်ပြီး ပိုပြီး ကြံ့ကြံ့ခံနိုင်တဲ့ Ford The Model T ကို Ford က စျေးကွက်ထဲမှာ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်၊ မေလ မတိုင်ခင်ထိ Model T အစီးအရေအတွက် ၁၅သန်းအထိရောင်းချနိုင်ခဲ့ပြီး အဲ့ဒီအချိန်အခါက ရောင်းအားအကောင်းဆုံးနဲ့ ကမ္ဘာ့ နာမည်အကျော်ဆုံး Vehicle အဖြစ် တန်းဝင်ခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ Model A,T ကားတွေ အပြင် Ford Motor Company ရဲ့ ပထမဆုံး Truck ကားတွေကို ၁၉၂၇ ခုနှစ်မှာ စတင်ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ အဲဒီ Truck တွေကို Model TT လို့အမည်ပေးခဲ့ပြီး ၁တန် အလေးချိန်ထိ တင်ဆောင်နိုင်ခဲ့တဲ့ Reinforced Chassis နဲ့ Rear Axel ပါဝင်တဲ့ Truck ကားဖြစ်ခဲ့ပါတယ်။တစ်ချိန်က Ford ရဲ့ Business Associates ဖြစ်ခဲ့တဲ့ Detriot Automobile Company က Henry Leland လက်ထဲကနေ Lincoln Motor Company ကို ၁၉၂၂ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။အဲဒီကာလတုန်းက Lincoln Motor အနေနဲ့ 1931-1939 K-Series , 1936 Zephyr, Edsel Ford’s Original Continental, First Generation Lincoln Continental နဲ့ Classic 1956-1957 Continental Mk.II အပါအဝင်ဇိမ်ခံကားတွေမြောက်များစွာကို ရောင်းချနေရတဲ့ ခေတ်ကာလလည်း ဖြစ်ပါတယ်။
၁၉၀၈ ခုနှစ် ကနေ ၁၉၂၀ ခုနှစ်အစောပိုင်းကာလတွေကတော့ Auto Industry တစ်ခုလုံးကို Ford ရဲ့ Model T က လွှမ်းမိုးထားဆဲကာလပါ။ ၁၉၂၀ ပြည့်နှစ်ကျော်ပြီး အလယ်ပိုင်းကာလလောက်မှာတော့ အခြား Automaker တွေရဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်မှုတွေတွေ့လာရပါတယ်။ Model T အစီးရေ ၁၅သန်းလောက် ရောင်းချအပြီး ၁၉၂၇ ခုနှစ် မေလ ၂၆ရက်နေ့ကစလို့ Ford အနေနဲ့ ကားအသစ်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့အတွက် ကမ္ဘာတစ်လွှားက စက်ရုံတွေကို (၆)လလောက် ပိတ်ထားခဲ့ပါတယ်။ကားအသစ်ဖြစ်တဲ့ Model A ကတော့ ၁၉၀၃ ခုနှစ်က Ford ရဲ့ ပထမဦးဆုံးထွက်ရှိခဲ့တဲ့ Model ရဲ့ ပုံရိပ်ကို ပြန်ယူဆောင်လာပြီးတော့ အပြာရောင် ဘဲဥပုံ တံဆပ် (logo)၊ safety glass shield လို feature တွေပါရှိလာပါတယ်။ ၁၉၃၁ ခုနှစ်မှာတော့ Ford အနေနဲ့ Model As အစီးရေ ၅သန်းကျော်ကို ရောင်းချနိုင်ခဲ့ပါတယ်။Model A ထွက်အပြီး project အသစ်ကို အာရုံစိုက်ဖို့အတွက် စက်ရုံလည်ပတ်တာတွေ ၆လကြာ ရပ်ထားခဲ့ပြီး ၁၉၃၂ ခုနှစ်မှာတော့ The Flathead V8 Engine ကို Ford ကမိတ်ဆက်ပေးခဲ့ပါတယ်။ တော်တော်လေးကြိုးစားအားထုတ်ခဲ့ပြီး ငွေတော်တော်များထုတ်သုံးပြီးနောက်မှာတော့ စျေးကွက်ထဲမှာ အောင်မြင်ခဲ့တဲ့ V8 Engine ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ The Flathead ဟာ စျေးနှုန်းသင့်တင့်၊ ဘက်စုံအသုံးဝင်ပြီး အားကောင်းအင်ဂျင်တွေကို လူတွေက စိတ်ဝင်စားနှစ်ခြိုက်နေတဲ့ ကာလဖြစ်တဲ့ အမေရိကန်စျေးကွက်မှာ မိတ်ဆက်ခဲ့တာပါ။ဒီ The Flathead V8 Engineကတော့ အခုအထိ ကားခရေဇီတွေကြားထဲမှာ နာမည်ကျော်ကြားနေဆဲ Engine အဖြစ် ရှိနေတုန်းဖြစ်ပါတယ်။
Henry Ford ရဲ့ မြေးဖြစ်သူ၊ Edsel ရဲ့သား Henry Ford II ဟာ ၁၉၄၅ ခုနှစ်ကနေ ၁၉၆၀ ခုနှစ် အတွင်း Chairmain အဖြစ်ပါဝင်ခဲ့ပြီး ၁၉၆၀ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ CEO အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“Whiz Kids” လို့အမည်ရတဲ့ အမေရိကန် လေတပ်စစ်သားဟောင်းတွေပါဝင်တဲ့ အဖွဲ့ရဲ့ အကူအညီနဲ့ Henry II က အဖွဲ့အစည်းတစ်ခုလုံးကို အဆင့်မြင့်စီမံခန့်ခွဲတဲ့ စနစ်နဲ့အတူ စနစ်တကျ Company ကြီးတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့စစ်ကြီးအပြီးမှာတော့ နိုင်ငံတကာကို ဖြန့်ကျက်ဖို့ အသင့်အနေအထားဖြစ်နေပါပြီ။၁၉၄၈ ခုနှစ်မှာတော့ Ford အနေနဲ့ F-series Truck ကို စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာစစ်အပြီး ပထမဆုံးထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ Truck အရွယ်အစား (၈)မျိူးနဲ့ တန်ချိန်အမျိုးမျိုး ထုတ်လုပ်ခဲ့ပြီး အမေရိကမှာ ရောင်းအားအကောင်းဆုံး Truck ကားဖြစ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ1949 Ford ဆိုတဲ့အမည်နဲ့ ဒုတိယမ္ဘာစစ်အပြီး အမေရိကမှာ အသစ်လွင်ဆုံး ဒီဇိုင်းပုံစံနဲ့ ကားမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Wind tunnel-tested လုပ်ပြီး ကား Body ကိုတော့ Aerodynamic shape, Pontoon fenders တွေတပ်ဆင်ထားကာ လေယာဉ်ပျံပုံစံကို နမူနာယူထားတဲ့အပြင် နောက်ဆုံးထွက် V8 Engine ကို အသုံးပြု ထုတ်လုပ်ထားတဲ့ Model အသစ်ကတော့ ၁၉၂၈ ခုနှစ်ကထုတ်ခဲ့တဲ့ Model A ထက် အဆများစွာသာခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာတော့ Public Traded Company အဖြစ်ကို ပြောင်းလဲခဲ့ပြီး သမိုင်းမှာ အကြီးမာဆုံး ဘုံ စတော့ရှယ်ယာပိုင်ဆိုင်ခဲ့တဲ့ IPO တစ်ခုဖြစ်ခဲ့ပါတယ်။ တစ်နှစ်ထဲမှာပဲ Ford Motor Company ရဲ့ Continental Division က Mk. II ကို စတင်မိတ်ဆက်ခဲ့ပြီးတော့ အဲဒီ 1956 Mk.II ဟာ Edsel Ford ရဲ့ Private Car အဖြစ် သုံးခဲ့တဲ့ 1941 Continental ကိုမှ အဆင့်မြှင့်တင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Edsel နဲ့ အတူ Designer E.T Gregorie က သူတို့ Europe ဘက်မှာမြင်တွေ့ခဲ့ရတဲ့ “ Continental’ ကားတွေကို အခြေခံပြီး နာမည်ပေးခဲ့ကြတာပါ။
၁၉၆၅ ခုနှစ်မှာတော့ Ford U.K နဲ့ Ford Germany တို့ပူးပေါင်းပြီး Europe ဘက်ကို ဖြန့်ကျက်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၆၆ ခုနှစ်မှာ Ford ဟာ G 40 နဲ့ Le Mans ကားပြိုင်ပွဲမှာ ၆နှစ်ဆက်တိုက် အနိုင်ရရှိလာတဲ့ Ferrari ကို ကျော်ပြီး ပြိုင်ပွဲကို ပထမဦးဆုံး အနိုင်ရရှိတဲ့ အမေရိကန် ထုတ်လုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၁၉၆၆၊ ၁၉၆၇၊ ၁၉၆၈ နဲ့ ၁၉၆၉ ခုနှစ်တွေမှာ Le Mans ပြိုင်ပွဲတွေမှာGT40 မျိုးဆက်တွေနဲ့ လေးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ Ford Europe ဟာ Fiesta ကို မိတ်ဆက်ပေးခဲ့ပြီး ဒီ Modelဟာ နိုင်ငံတကာမှာ အအောင်မြင်ဆုံး Front-wheel drive Model ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Almusafes, Spain, Valencia အနီးတစ်ဝိုက်မှာ ကားတွေထုတ်လုပ်ဖို့ စက်ရုံတွေတည်ဆောက်နိုင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံထားတာတွေ ကျေတဲ့အပြင် Fiesta က တော့ 1965 Mustang ရဲ့ တစ်နှစ်အတွင်း ရောင်းချရတဲ့ စာရင်းကို စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ မြောက်အမေရိကမှလည်း Fiesta ကို ရောင်းချခဲ့ပေမယ့်လည်း ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ U.S မှာ Fiesta ကို မရောင်းချခဲ့ပါဘူး။၁၉၈၆ ခုနှစ်မှာတော့ Modular Assembly Line ကို St. Louis Assembly အခွဲမှာ မိတ်ဆက်ခဲ့ပြီး trial run အနေနဲ့ မိတ်ဆက်ခဲ့တာက အောင်မြင်မှုရရှိခဲ့ပြီး လက်ရှိအချိန်အထိ Ford စက်ရုံခွဲတွေက modular assembly line တွေကို အသုံးပြုထုတ်လုပ်နေဆဲဖြစ်ပါတယ်။၁၉၉၀ ခုနစ်မှာတော့ Ford အနေနဲ့ Explorer ကို ထုတ်လုပ်မိတ်ဆက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ထုတ်လုပ်တာ ရပ်ဆိုင်းခဲ့တဲ့ Ford Bronco ထက် ပိုသက်သောင့်သက်သာရှိပြီး အစိတ်အပိုင်းတွေ အစားထိုးဖို့ ပိုကောင်းတဲ့ Vehicle ဖြစ်ခဲ့ပါတယ်။
၁၉ရာစုအပြီး ၂၀၀၃ခုနှစ်မှာတော့ Ford က နှစ်တစ်ရာပြည့်ခဲ့ပြီဖြစ်ပါတယ်။ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ အဲ့ဒီကာလမှာ line up ရှိခဲ့တဲ့ Vehicle အမျိုးအစား (၅)မျိုးကို Limited Edition Vehicle တွေကို ထုတ်လုပ်ပြီး ရောင်းချဖို့ ကမ်းလှမ်းခဲ့ပါတယ်။အစောဆုံး Model ဖြစ်တဲ့ Model T လို ကားမျိုးတွေကို အနက်ရောင်အပါအဝင် အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၀၄ခုနှစ်မှာတော့ မြင်းကောင်ရေ ၅၅၀ အား အင်ဂျင်နဲ့ GT ကို အဆင့်မြင့် Sport Car အနေနဲ့ မိတ်ဆက်ခဲ့ပြီးတော့ ၁၉၆၆ ကနေ ၁၉၆၉ အထိ Le Mans ပြိုင်ပွဲမှာ ကျော်ကြားခဲ့တဲ့ GT 40 ပြိုင်ကားတွေကို inspire ယူပြီး ထုတ်လုပ်ခဲ့တာပါ။
၂၀၀၇ ခုနှစ်ရောက်တဲ့အချိန်မှာတော့ Ford နဲ့ Microsoft, SYNC နဲ့ လက်တွဲပူးပေါင်းလိုက်ပြီးတော့ Hands-free, Voice-activated system တွေ၊ ကားနဲ့ Mobile Phone ချိတ်ဆက်ပြီး navigation နဲ့အတူ Entertainment အတွက် Voice-activated စတဲ့ feature တွေကို မိတ်ဆက်ခဲ့ပါတယ်။အဲဒီအချိန်ကတည်းက Ford အနေနဲ့ ယာဉ်မောင်းသူတွေကို Steering Wheel ပေါ်မှာ လက်တင်ထားနိုင်ဖို့နဲ့ လမ်းမပေါ်ကို အာရုံထားနိုင်ဖို့ကို နည်းပညာနဲ့ ချိတ်ဆက်ပြီး အကူအညီပေးနိုင်ဖို့အတွက်SYNC ကို အဆင်မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။
Ford ဟာ ၂၀၀၉ ခုနှစ်မှာတော့ Turbocharged Ecoboosted Engine တွေကို စတင်မိတ်ဆက်ခဲ့ပြီးတော့ ပိုမိုကောင်းမွန်တဲ့ စက်သုံးဆီစျေးကွက်စီးပွားရေးအတွက်ရော သာမန် ဆိုက်တူတဲ့ Engine တွေထက်ပိုပြီး အားကောင်းတဲ့ Engine တွေဖြစ်ပါတယ်။ဒီ Ecoboost Engine တွေက U.S မှာရော နိုင်ငံတကာမှာ လူကြိုက်များ ကျော်ကြားတဲ့ Engine တွေဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Mark Fields ဟာ Alan Mulally ကို အနိုင်ရပြီး CEO အဖြစ် Ford ကို ဦးဆောင်နိုင်ခဲ့ပါတယ်
Fields အနေနဲ့ One Ford Plan ကနေတစ်ဆင့် အကောင်းမွန်ဆုံး အရည်အသွေးတွေနဲ့ ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့နဲ့ ဆန်းသစ်တဲ့ Idea တွေနဲ့ တီထွင်ဖန်တီးမှုတွေပြုလုပ်နိုင်ဖို့အတွက်ကတိပေးခဲ့ပါတယ်။၂၀၁၄ ခုနှစ်အတွင်းမှာပဲ Ford Mustang ရဲ့ နှစ် (၅၀)ပြည့်ခဲ့ပြီဖြစ်ပြီး Rear Suspension နဲ့ High-Output Engine ပါရှိမယ့် 6th Generation Pony Car တွေကို ၂၀၁၅မှာ ထုတ်လုပ်ဖို့အတွက် စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ လွန်ခဲ့တဲ့ နှစ် (၁၀၀)အတွင်း Ford Automaker Company ရဲ့ သမိုင်းကြောင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အကြမ်းဖျင်း ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလို နှစ်ပေါင်းတစ်ရာကျော် ခေတ်အဆက်ဆက် ခေါင်းဆောင်မှုကောင်းတွေကို ဦးဆောင်နိုင်ခဲ့တဲ့ Leader တွေနဲ့အတူ Ford ဟာ အနာဂတ်မှာလည်း ကမ္ဘာတစ်လွှားက မိဘပြည်သူတွေအတွက် အကောင်းမွန်ဆုံးနဲ့ လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်မီတဲ့ ယာဉ်တွေကို ထုတ်လုပ်သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ထပ်လောင်းပြောကြားရင်း နိဂုံးချုပ်ချင်ပါတယ်။