၆.၁ လက်မ iPhone တွေကို အရင်ဖြန့်ချိသွားမှာပါ

၂၀၂၀ ထွက် iPhone 12 စီးရီးသစ်တွေထဲမှာ ဈေးအသင့်ဆုံးမော်ဒယ်နဲ့ အမြင့်ဆုံးမော်ဒယ်တို့ဟာ ဈေးကွက်အဝင်နောက်ကျဖို့ ရှိပါတယ်။

Apple ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ iPhone သစ်မော်ဒယ် ၄ မျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး Screen Size အနေနဲ့ ၃ မျိုး ထွက်ရှိမှာ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းသတင်းပေးတစ်ဦးဖြစ်တဲ့ Kang ကတော့ မျက်နှာပြင် ၅.၄ လက်မအရွယ် iPhone 12 Mini ကို နိုဝင်ဘာ ၆ ရက် ၇ ရက်တို့မှာ preorder လက်ခံသွားမှာ ဖြစ်ပြီး တစ်ပတ်ခန့်အကြာမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။



Photo: Apple Insider

Screen Size အကြီးဆုံး ၆.၇ လက်မအရွယ် iPhone 12 Pro Max ကို နိုဝင်ဘာ ၁၃ ၊ ၁၄ တို့မှာ preorder လက်ခံပြီး နိုဝင်ဘာ ၂၀ ၊ ၂၁ တို့မှာ ဖြန့်ချိသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အစောပိုင်းက ထွက်လာခဲ့တဲ့ သတင်းတွေမှာလည်း ၆.၁ လက်မ iPhone 12 မော်ဒယ်နှစ်မျိုးပဲ အောက်တိုဘာလထဲမှာ ထွက်လာမယ်လို့ ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာ ၁၃ ရက် မိတ်ဆက်သွားမယ့် iPhone သစ်တွေကို iPhone 12 Mini ၊ iPhone 12 ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max နာမည်တွေ ပေးသွားဖို့ ရှိပါတယ်။ မော်ဒယ် ၄ မျိုးစလုံးဟာ 5G ကွန်ရက်ပံ့ပိုးမှု ပါလာပြီး iPhone 11 Pro မော်ဒယ်တွေမှာ သုံးခဲ့တဲ့ Super Retina XDR display နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ 

အကြမ်းခံပြီး လွတ်ကျတဲ့ဒဏ်ပိုခံနိုင်ဖို့ ကြွေထည်ကနေ ထုတ်ထားတဲ့ မှန်ကို သုံးလာဖို့ ရှိပါတယ်။ ဖုန်းမော်ဒယ် ၄ မျိုးစလုံးဟာ Dolby Vision HDR စံနဲ့အညီ ထွက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အောက်တိုဘာ ၁၃ iPhone သစ် မိတ်ဆက်ပွဲမှာ ဒေါ်လာ ၁၀၀ တန် HomePod Mini သစ်ကိုလည်း မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က