မိခင်လည်း ပိုးကင်းစင်သွားပြီလို့ဆိုပါတယ်။

Covid လူနာနဲ့ အနီးကပ်ရှိနေခဲ့လို့ Hotel Quarantine ဝင်နေရတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ဒီနေ့မှာတော့ အိမ်ပြန်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။

Photo: Htoo Paing Zaw Oo



 ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ကိုဗစ်ရောဂါပိုးမခံစားရပေမယ့်လည်း Covid ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သူဖြစ်လို့ Hotel Quarantine ဝင်ခဲ့ရသူပါ။တစ်ဆက်တည်းမှာပဲ သူ့ရဲ့ မိခင်ကလည်း Covid ရောဂါခံစားနေရတာကြောင့် ဧရာဝတီစင်တာမှာ ဆေးကုသမှု ခံယူခဲ့ရပြီး အခုဆိုရင်တော့ သားအမိ နှစ်စလုံး ကိုဗစ်ရောဂါပိုး ကင်းစင်သွားတာဖြစ်လို့ အိမ်ပြန်ခွင့်ရခဲ့ပြီလို့ သူက ဆိုပါတယ်။

" ဒီနေ့ အမေရော ကျွန်တော်ပါ အိမ်ပြန်ရောက်ပါပြီ။ဆေးစစ်ချက်အရ အမေကတော့ positive ဖြစ်တဲ့အတွက် ဧရာဝတီ Covid center ကို သွားခဲ့ရပြီး ကျွန်တော်ကတော့ negative ဖြစ်လို့ hotel quarantine ပဲ ဆက်နေခဲ့ရပါတယ်။ အခု ၂ ယောက်လုံး ကျန်းကျန်းမာမာရှိပါတယ်။ ပါပါးကို ရည်စူးပြီး ဧရာဝတီ ဖောင်ဒေးရှင်းကို အလှူငွေ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ ပါပါး သာဓုခေါ်နိုင်ပါစေ 

အခုလို ကျွန်တော်တို့ မိသားစု စိတ်ဒုက္ခ အခက်အခဲ ကြုံနေရတဲ့အချိန်မှာ မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေ ၊ သူငယ်ချင်းများရဲ့ အကူအညီ များကြောင့် အထိုက်အလျောက်စိတ်သက်သာရာရပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ည (၁၀) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဖခင် ဖြစ်သူအတွက်လည်း ကုသိုလ်ကောင်းမှုတွေ ပြုပေးနေသလို ဒီနေ့မှာလည်း ဧရာဝတီဖောင်ဒေးရှင်းသို့ တက်နိုင်သလောက် လှူဒါန်းခဲ့တာတွေ့ရပါတယ်။ဒါ့အပြင် ထူးပိုင်ဇော်ဦး အနေနဲ့ သူရော မိခင်ပါ Quarantine ဝင်နေရတဲ့ အချိန်မှာ လိုလေးသေး မရှိအောင် ပြုစုပေးခဲ့ကြသူ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။ 

" အဖေဂျပန်ဆေးရုံ ICU မှာ နေခဲ့ရစဉ် ၊ ဖောင်ကြီးကို ပြောင်းရွှေ့ရစဉ် နဲ့ ဖောင်ကြီးရောက်စဉ်မှာ စောင့်ရှောက်ကြည့်ရှုပေးသော တာဝန်ရှိဆရာဝန် များ ၊ သူနာပြုများ ၊ emergency team များ တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ပါတယ်။ အမေ Covid Center တွင်နေထိုင်စဉ် ကူညီပေးသော တာဝန်ရှိသူ ကိုကိုသိန်း နဲ့ စောင့်ရှောက်ပေးသော တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်။ စိတ်ပူပန်ပေးပြီး ဖုန်းဖြင့် ၊ Message ဖြင့် အားပေးစကားပြောပေးသောတစ်ယောက်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်။ စာများ၊ ဖုန်း call များပြားတဲ့ အတွက် အကုန် reply မလုပ်နိုင်ပေမယ့် တကယ်ကို ကျေးဇူးတင်ပါတယ်။ လူအား၊ စိတ်အား အကူအညီပေးခဲ့တဲ့ တစ်ယောက်မကျန်ကို ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ မှတ်ထားပါတယ်" လို့ ဆိုပါတယ်။ 

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ လက်ရှိမှာတော့ အနုပညာလောကမှာ လူငယ် ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သူ့ကိုတော့ " ည" ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် " သူစိမ်းအိမ်" ရုပ်ရှင်ကားကြီး ၊ " လရဲ့အောက်ဘက် မိုင်အဝေးမှာ" ရုပ်ရှင်ကားကြီး တို့ကိုလည်း ပုံဖော်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Yangon in Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရင်း Covid ကာလကြောင့် ခဏ ရပ်နားထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က