ဒီလုပ်ရပ်တွေကိုတော့ ကျန်းမာရေး တာဝန်ရှိသူတွေက ရှုံ့ချတယ်လို့ ဆိုပါတယ်။

ကွာရန်တင်း ဝင်ရောက်နေတဲ့သူတွေဆီ မိသားစုတွေက အသုံးအဆောင်ပစ္စည်းတွေလာပို့တဲ့အခါမှာ တားမြစ်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ ကွမ်းယာ၊ဆေးလိပ်တွေကို ခိုးထည့်ကာပို့ဆောင်လာမှုဖြစ်စဉ်တွေရှိနေတယ်လို့ သိရပါတယ်။ 

ဒီလုပ်ရပ်တွေဟာ ကျန်းမာရေးရှုထောင့်အရ လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တွေဖြစ်ပြီး ဒီအပေါ်မှာလည်း အပြင်းအထန် ရှုံ့ချတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကိုပြောပါတယ်။



“ ကွာရန်တင်းစင်တာတချို့မှာ အခုလိုမျိုးတွေဖြစ်နေတယ်ဆိုတာသိရပါတယ်။ တကယ်တော့ ဒီလုပ်ရပ်တွေက လုံးဝမဖြစ်သင့်ပါဘူး။ ကွာရန်တင်းဝင်ရောက်နေတဲ့သူတွေဆိုတာ ရောဂါပိုးတွေ့ရှိနိုင်တဲ့သူတွေဖြစ်တဲ့အတွက် negative အဖြေမထွက်မချင်း ကျန်းမာရေးအထူးဂရုစိုက်ဖို့လိုပါတယ်။ ဒါကိုလည်းမိသားစုဝင်တွေက သိထားဖို့ပါတယ်။ ဆေးလိပ်ဆိုတာက အဆုတ်နဲ့ သက်ဆိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင် လုံးဝတားမြစ်ထားတဲ့အရာပါ။ အဲ့ဒီလိုပဲ ကွမ်းယာဆိုတာကလည်း ဝါးပြီး ကွမ်းတံထွေးတပြစ်ပြစ်နဲ့ထွေးရင် မလိုလားအပ်တဲ့ရောဂါပြန့်ပွားမှုတွေဖြစ်နိုင်လို့ ဒီလုပ်ရပ်တွေအပေါ်မှာ အပြင်းအထန်ရှုံ့ချပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ကွာရန်တင်းဝင်နေတဲ့ သူတွေထံ မိသားစုတွေအနေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လာပို့တဲ့အခါမှာ မုန့်ဘူးတွေကြားထဲ ကွမ်းယာ၊ဆေးလိပ် ခိုးထည့်လာတဲ့ပုံရိပ်တွေက လူမှုကွန်ရက်မှာလည်း ပျံ့နှံ့လျှက်ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးနေပြီး လက်ရှိမှာတော့ ကွာရန်တင်းစင်တာတာဝန်ရှိသူတွေအနေနဲ့ လာရောက်ပို့ဆောင်တဲ့ ပစ္စည်းတွေကို စနစ်တကျ စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ 

အားလုံးရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ရပ်တွေဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက လိုက်နာပြီး ဒီလိုလုပ်ရပ်တွေကို ထပ်မလုပ်ကြဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက သတိပေးပြောကြားပါတယ်။ တားမြစ်ထားတဲ့လုပ်ရပ်တွေကို လက်ရှိမှာ သတိပေးဆောင်ရွက်နေပြီ ဆက်လက်ဆောင်ရွက်မှုတွေရှိနေပါက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေကပဲ လိုအပ်သလိုအရေးယူအပြစ်ပေးတာတွေဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က