ခွင့်မပြုထားတဲ့ လုပ်ငန်းအများစုလည်းသတ်မှတ်ချက်နဲ့ ကိုက်ညီပါက လည်ပတ်ခွင့်ရရှိတော့မှာပါ။

ဒီနေ့ အောက်တိုဘာ (၁၂) ရက်က စပြီး မြို့နယ်ဖြတ်ကျော်ရာမှာ အထောက်အထားပြနိုင်တဲ့ QR Pass အစီအစဉ်မှာ မှတ်ပုံတင်တဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကုန်သည် စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆင့် A ရထားတဲ့ ရန်ကုန်တိုင်းအတွင်းက (CMP) စက်ရုံ၊ အလုပ်ရုံတွေ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ဒီနေ့ အောက်တိုဘာ (၁၂) ရက်ကစပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်အရ အရင် ခွင့်မပြုထားတဲ့ လုပ်ငန်းအများစုတွေလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက လည်ပတ်ခွင့်ရရှိတော့မှာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။



ဓာတ်ပုံ- စက်တင်ဘာ (၂၈) ရက်က ဖြတ်သန်းသွားလာသည့်ယာဉ်များကိုစစ်ဆေးနေစဉ်။

အဲဒီအခြေအနေတွေအရ လက်ရှိ QR Pass စနစ်မှာ လုပ်ငန်းများ အသစ်ထပ်မံမှတ်ပုံတင်တာတွေကို ရပ်ဆိုင်းမှာဖြစ်ပြီး QR Pass လက်ဝယ်ရှိထားသူတွေအနေနဲ့ကတော့ မြို့နယ်ဖြတ်ကျော်သွားလာရာမှာ ဆက်လက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

“ ဒီနေ့ ရန်ကုန်တိုင်းအစိုးရနဲ့ ကုန်သည်စက်မှုအသင်းချုပ် အတွင်းရေးမှူးအဖွဲ့တု့ိ ဆွေးနွေးပြီးတော့ QR Pass စနစ်ကို ဖျက်သိမ်းလိုက်တာပါ။ “ လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်လေးက ဆိုပါတယ်။

ဒါ့အပြင် Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ စက်ရုံ၊အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ အားလုံးအတွက် အကျုံးဝင်ပြီး လုပ်ငန်းခွင်သွားလာရာမှာ အသုံးပြုနိုင်မယ့် စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းအစိုးရက မကြာမီဆောင်ရွက်ပေးသွားမယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ Stay at Home ကာလမှာ ဖွင့်လှစ်ခွင့်ပြုထားတဲ့လုပ်ငန်းတွေက ဝန်ထမ်းတွေအနေနဲ့ မြို့နယ်ဖြတ်ကျော်ရာမှာ အသုံးပြုနိုင်ဖို့ QR Pass အစီအစဉ်ကို စက်တင်ဘာလ (၂၅) ရက်နေ့ က စတင် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ထပ်မံပြီး အောက်တိုဘာလ (၄) ရက်နေ့မှာလည်း ဖွင့်ခွင့်မပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေက အလုပ်သမားတွေ လုပ်ခလစာ ပေးနိုင်ဖို့ အတွက်လည်း Payroll Processing QR Pass အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ်က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က