မဲပေးဖို့ စာရင်းပေးထားသူတွေထဲက တစ်ဝက်ခန့် မဲပေးပြီးဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာတွေထဲမှာ မဲပေးလိုတဲ့အတွက် စာရင်းဝင်ထားသူ တစ်သိန်းကျော်ရှိတဲ့အနက် လက်ရှိအချိန်ထိ ငါးသောင်းကျော် မဲပေးခဲ့ပြီးပြီဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



ဒီကနေ့ အောက်တိုဘာ (၁၂) ရက်ညပိုင်းက ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေတွေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ နိုင်ငံခြားမှာတော့ စတင်ပြီး ကြိုတင်မဲတွေ ပေးနေပြီဆိုတာ ပြည်သူတွေ သိပြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် မဲပေးချင်တဲ့ စာရင်းဝင်ထားသူ ၁၀,၉၄၇၀ ထဲက ၅၀၅၂၀ ဟာ မဲပေးပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း နိုင်ငံတကာသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ မဲပေးစရာရှိပါသေးတယ်။ “ လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

ဓာတ်ပုံ - MoFA

ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးတဲ့အစီအစဉ်ကို အောက်တိုဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မြန်မာသံရုံး (၂၇) ရုံးအပြင် ကောင်စစ်ဝန်ရုံး၊ အဖွဲ့ရုံးတွေနဲ့ ပြင်ပမဲရုံတွေမှာ ကြိုတင်မဲပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အများဆုံးရှိတဲ့ ထိုင်း၊မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစတာတွေ အပြင် တရုတ်၊ရုရှား၊အမေရိကန်၊ ဂျာမနီ စတဲ့နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအနည်းစုအတွက်လည်း မဲပေးနိုင်ဖို့ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက သိရပါတယ်။

မြန်မာသံရုံးမှာ မဲလာပေးကြတဲ့ ပြည်ပရောက်မြန်မာတွေကို သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ မဲရုံအတွင်းသို့ မဝင်မီ ကိုယ်အပူချိန်တိုင်းတာ၊ လက်သန့်စင်တာ၊ တစ်ခါသုံးလက်အိတ်နဲ့ နှာခေါင်းစည်းတွေနဲ့ စနစ်တကျ မဲပေးနိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က