လက်ရှိမှာတော့ ကိုဗစ် စည်းမျဥ်းတွေကြောင့် နေအိမ်မှာ တစ်ဦးတည်း သီးသန့် နေထိုင်ပြီး လေ့ကျင့်ခန်းတွေ လုပ်ဆောင်လျက်ရှိကာ ကာဆယ်နဲ့ပွဲကိုတော့ ပရိသတ်လုပ်ရပါဦးမယ်။
လာမယ့် စနေနေ့မှာ ကစားရမယ့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်ကို အသစ်ခေါ်ယူ ထားတဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီ လွဲချော်ဖို့ ရှိနေပေမယ့် ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ကာဗာနီကတော့ ယခုနှစ် အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာမှ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ် စည်းမျဥ်းကြောင့် တစ်ဦးတည်း သီးသန့် နေထိုင် နေရပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားအတွက်တော့ နယူးကာဆယ်နဲ့ပွဲမှာ တိုက်စစ်ပြဿနာနဲ့ အနည်းငယ် ကြုံတွေ့နေရပြီး စပါးနဲ့ပွဲမှာ အနီကဒ် ထိခဲ့တဲ့ မာရှယ်ကို လက်လွှတ်ရဦးမှာ ဖြစ်ပါတယ်။
ကာဆယ်နှင့်ပွဲအပြင် ချဲလ်ဆီး၊အာဆင်နယ်အသင်းတို့နဲ့ တွေ့ဆုံရမယ့် ပွဲတွေကိုလည်း လွဲချော်ရတော့မှာ ဖြစ်တာ ကြောင့် နောက်ပိုင်းပွဲတွေမှာ ကာဗာနီအနေနဲ့ ယူနိုက်တက်အတွက် အမှန်တကယ် အားထားရမလား ဆိုတာက လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကာဗာနီကတော့ အသက် ၃၃နှစ်ရှိပြီ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ယူနိုက်တက်ပွဲစဥ်ဟာ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲ ဖြစ်လာနိုင်ပါတယ်။