နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကလည်း ၂-၀ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။

ပရိသတ်ပေါင်းလေးသောင်းကျော်ဝင်ဆံ့တဲ့ ဘိုလီဗီးယားအတွက်တော့ အဖိုးတန်အိမ်ကွင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာပေါင်း ၃၆၃၇ မှာတည်ရှိတာကြောင့် လာရောက်ကစားရတဲ့ ဧည့်သည်အသင်းတွေကို အခက်တွေ့စေလို့ပါ။


တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ပွဲစဉ် (၂)ကိုတော့ ဒီနေ့မှာ ဆက်လက်ကစားတော့မှာပါ။ မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ မနက်ဖြန်မနက်အစောပိုင်းမှာ ကစားတော့မှာဖြစ်ပြီး ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပွဲတစ်ပွဲကတော့ ရှိနေပါတယ်။ အဆိုပါပွဲကတော့ ဘိုလီဗီးယားနဲ့ အာဂျင်တီးနားတို့ တွေ့ဆုံနေတဲ့ပွဲဖြစ်ပြီး ခြေစွမ်းချင်းကွာဟမှုရှိတဲ့အသင်းနှစ်သင်း၊ ကစားသမားအင်အားတွေကွာဟမှုရှိနေတဲ့အသင်းနှစ်သင်းဖြစ်လို့ ဘာတွေစိတ်ဝင်စားစရာရှိလဲဆိုတာ မေးချင်စရာပါပဲ။

ဒီပွဲရဲ့ စိတ်ဝင်စားစရာအချက်တစ်ချက်ကတော့ ဘိုလီဗီးယားရဲ့ အိမ်ကွင်းအနေအထားနဲ့ တည်နေရာကြောင့်ပါ။ ပရိသတ်ပေါင်းလေးသောင်းကျော်ဝင်ဆံ့တဲ့ ဘိုလီဗီးယားအတွက်တော့ အဖိုးတန်အိမ်ကွင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာပေါင်း ၃၆၃၇ မှာတည်ရှိတာကြောင့် လာရောက်ကစားရတဲ့ ဧည့်သည်အသင်းတွေကို အခက်တွေ့စေလို့ပါ။ နာမည်ကျော် ဘရာဇီးလ်လိုအသင်းတောင်မှ ဒီကွင်းမှာ အနိုင်ရဖို့ ခက်ခက်ခဲခဲကြိုးစားရလေ့ရှိပြီး အသက်ရှုဖို့အတွက် အခက်အခဲရှိတာကြောင့် ကစားသမားတွေအနေနဲ့ ပုံမှန်ထက် ပိုမိုမောပန်းလွယ်ပြီး အားအင်ကုန်ခန်းလွယ်တာကြောင့် ဘိုလီဗီးယားက အဆိုပါအားသာချက်ကို အသုံးချပြီး အနိုင်ကစားနိုင်ခဲ့ပါတယ်။

ဒီလိုအနေအထားကြောင့် အိမ်ကွင်းကို ပြောင်းရွှေ့ကစားပေးဖို့ တောင်းဆိုမှုတွေရှိနေခဲ့ပေမယ့်လည်း ဖီဖာက ခွင့်မပြုခဲ့ဘဲ ပုံမှန်အတိုင်းသာ ကစားဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ အခုအခါမှာ ဘိုလီဗီးယားနဲ့ ရင်ဆိုင်ရမယ့် အာဂျင်တီးနားအတွက်လည်း ဒီကွင်းက ငရဲခန်းတစ်ခုလိုဖြစ်လာမှာသေချာပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ မက်ဆီရဲ့ ပယ်နယ်တီဂိုးကြောင့်သာ အနိုင်ရခဲ့တဲ့ အာဂျင်တိုင်းသားတွေအတွက် ပုံမှန်ထက်ရုန်းကန်ရဦးမှာသေချာပါတယ်။

ထူးခြားတိုက်ဆိုင်စွာနဲ့ပဲ အာဂျင်တီးနားဟာ ဒီကွင်းမှာ နောက်ဆုံးအကြိမ်နိုင်ပွဲရခဲ့တာက ၂၀၀၅ ခုနှစ်အတွင်းဖြစ်ပြီး ၁-၂ နဲ့ အနိုင်ရရှိခဲ့တာပါ။ အဆိုပါနှစ်ဟာ အာဂျင်တီးနားလက်ရွေးစင်အဖြစ် မက်ဆီစတင်ရွေးချယ်ခံခဲ့ရတဲ့နှစ်ဖြစ်ပြီး အဆိုပါပွဲကိုတော့ သူ ပါဝင်ခဲ့ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ အဆိုပါပွဲ ကစားပြီးနောက်ပိုင်း ဘိုလီဗီးယားကွင်းမှာကစားခဲ့တဲ့ ပွဲတွေကို အာဂျင်တီးနားတို့ လုံးဝနိုင်ပွဲမရခဲ့ဘဲ ၆-၁ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲကို ကြုံတွေ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ပွဲမှာလည်း အာဂျင်တီးနားတို့ ၂-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါဟာ မက်ဆီအနေနဲ့ ဘိုလီဗီးယားအိ်မ်ကွင်းမှာ နိုင်ပွဲလုံးဝမရဖူးသေးတဲ့ စံချိန်လည်းဖြစ်ပြီး သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝမှာ ဆိုးရွားတဲ့မှတ်တမ်းတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ မက်ဆီအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ အချိန်က နည်းပါးလာနေပြီဖြစ်ပြီးတော့ သူ့ကစားသမားဘဝမှာ ဒီမှတ်တမ်းဆိုးကြီးထင်ကျန်နေမှာက အနည်းငယ်တော့ စိတ်ပျက်စရာကောင်းနေမှာသေချာပါတယ်။

ဘိုလီဗီးယားကတော့ အိမ်ကွင်းအားသာချက်ကို အသုံးချပြီး တောင်အမေရိကရဲ့ ထိပ်သီးအသင်းတွေကို အနိုင်ယူလေ့ရှိတာက အစဉ်အလာလိုဖြစ်နေခဲ့ပါပြီ။ ကစားသမားကောင်းတွေ ပေါများပေမယ့်လည်း ထင်သလောက်ခြေစွမ်းမကောင်းတဲ့ အာဂျင်တီးနားတို့ ၁၅ နှစ်အတွင်းမှာ ဒုတိယမြောက်နိုင်ပွဲထပ်ယူသွားမလား၊ မက်ဆီအတွက် ဘိုလီဗီးယားကို ပထမဆုံးအကြိမ်အဝေးကွင်းမှာ အနိုင်ရသွားမလား၊ ဒါမှမဟုတ် အစဉ်အလာအတိုင်း အမြင့်ဆုံးသရေရလဒ်နဲ့သာ လှည့်ပြန်ရမလားဆိုတာက မနက်ဖြန်မှာ အဖြေထွက်လာတော့မှာပါ။ 

Share

Loading Next Article...
က္က