မဲပေးပိုင်ခွင့်ရှိသူရဲ့ ၂၀ရာခိုင်နှုန်းကျော် ကျန်ရှိနေတဲ့အတွက်ကြောင့် တစ်ရက်စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ဆန္ဒမဲပေးဖို့ကျန်ရှိနေတဲ့သူတွေအတွက် အောက်တိုဘာလ ၁၈ရက် (တနင်္ဂနွေနေ့) မှာ လာရောက်မဲပေးနိုင်ဖို့ မဲရုံဖွင့်လှစ်ပေးသွားမယ်လို့ မြန်မာသံရုံး ၊ ဆိုးလ်မြို့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ။

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေထဲက မဲပေးပိုင်ခွင့်ရှိပြီး မဲပေးဖို့ကျန်နေသူ ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး ထပ်တိုးမဲဆန္ဒလက်မှတ်တွေ အောက်တိုဘာလ ၁၁ရက် ညမှ ရောက်ရှိလာတဲ့အတွက် ရပ်ဝေးဒေသက လာရောက်ဖို့ အချိန်မမီီသူများ ၊ သံရုံးကြေညာချက်များကို မသိရှိ/သတိမထားမိသူများ ၊ အလုပ်ခွင်မအားလပ်တဲ့အတွက် မလာရောက်နိုင်သေးသူများရှိနေတဲ့အတွက် မဲပေးဖို့ တစ်ရက်တိုးမြှင့်စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။



ဓာတ်ပုံ-ဇော်မိုးအောင် (ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အောက်တိုဘာလ ၂ရက်က မဲပေးရန်စောင့်ဆိုင်းနေကြစဉ်)

ဒါကြောင့် မဲပေးဖို့ ကျန်ရှိသူတွေအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့ အလေးထားစဉ်းစားတဲ့အနေနဲ့ မြန်မာသံရုံး ၊ ဆိုးလ်မြို့မှာ အောက်တိုဘာလ ၁၈ရက် (တနင်္ဂနွေနေ့ ) ၊ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ မဲရုံဖွင့်လှစ်ပေးသွားမယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂ရက်ကနေ ၁၂ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူရဲ့ ၇၉.၂ရာခိုင်နှုန်း ၊ လူဦးရေ (၇၀၈၆)ဦး လာရောက်မဲပေးထားပြီးဖြစ်တယ်လို့ မြန်မာသံရုံး ဆိုလ်းမြို့ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က