ကမ္ဘာ့ဈေးကွက်အများအပြားထဲ ဖြန့်ချိသွားမှာပါ

၄ လက်မအရွယ် AMOLED flexible display နဲ့ ထွက်လာတဲ့ Nubia Watch နာရီကို ၂၁၉ ဒေါ်လာ (မြန်မာငွေ ၃ သိန်းဝန်းကျင်) ဈေးနဲ့ ကမ္ဘာ့ဈေးကွက်မှာ စတင်ရောင်းချနေပြီလို့ ဆိုပါတယ်။

Nubia Watch ဟာ ပုံမှန်စမတ်နာရီတစ်လုံးနဲ့ ကွဲပြားနေတဲ့ display ဒီဇိုင်း သုံးထားတဲ့ နာရီဖြစ်ပါတယ်။ ဒီနာရီရဲ့ display အတိုင်းအတာဟာ လက်ကောက်ဝတ်ပတ်လည် ဖုံးလုနီးပါး ရှည်လျားတဲ့ ၄.၀၁ လက်မ ဖြစ်ပြီး ကိုယ်ထည်ဟာ stainless steel နဲ့ အလူမီနီယံသုံးပြီး ထုတ်လုပ်ထားတာပါ။ နာရီကြိုးအနေနဲ့ ဆီလီကွန်ကြိုးနဲ့ လယ်သာကြိုးနှစ်မျိုး ထွက်ထားပါတယ်။



Photo: GSMArena

နာရီအိုးရဲ့ ဘေးဘောင်မှာ crown ချိန်သီးခလုတ်တစ်ခု ထည့်ပေးပါတယ်။ Nubia Watch ဟာ eSIM support ပါတဲ့ နာရီဖြစ်လို့ ဖုန်းမလိုဘဲ ချိတ်ဆက်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအဖြစ် NFC ၊ Bluetooth 5.0 နဲ့ WiFi တို့လည်း ပါရှိပါတယ်။ Nubia Watch ဟာ ပုံမှန်စမတ်ဖုန်းတစ်လုံးမှာ တွေ့နေကျ Workout features တွေ ပါရှိပြီး နှလုံးခုန်မှု ခြေရာခံစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေစိုခြင်းနဲ့ ဖုန်တင်ခြင်းအတွက် IP54 rating ခံနိုင်ရည် ပါရှိမှာ ဖြစ်ပြီး Midnight Black နဲ့ Army Green နှစ်ရောင်နဲ့ ထွက်လာပါတယ်။ Nubia Watch နာရီကို အမေရိကန် ၊ ကနေဒါ ၊ အီးယူနိုင်ငံတွေနဲ့ ယူကေတို့မှာ ဖြန့်ချိသွားမှာပါ။ 

တစ်ခြားဈေးကွက်တွေအနေနဲ့ ဩစတြေးလျ ၊ ဟောင်ကောင် ၊ အင်ဒိုနီးရှား ၊ အစ္စရေး ၊ ဂျပန် ၊ ကူဝိတ် ၊ မကာအို ၊ ဆော်ဒီအာရေဗျ ၊ စင်ကာပူနဲ့ ယူအေအီးဈေးကွက်တွေထဲလည်း ဝင်ရောက်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က