ဘာရွန်ဟာ ကူးစက်ခံခဲ့ရပေမဲ့ ရောဂါလက္ခဏာမပြခဲ့ဘူးလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ၁၄ နှစ်အရွယ် သားဖြစ်သူ ဘာရွန်ထံမှ COVID-19 ကူးစက်ခံရမှု တွေ့ရှိခဲ့ရကြောင်း၊ သို့သော် ရောဂါလက္ခဏာ မပြသခဲ့ကြောင်း သမ္မတကတော် မီလန်နီယာက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

မိဘနှစ်ဦးလုံး COVID-19 ကူးစက်ခံရပြီးနောက် ဘာရွန်ထံမှာလည်း ကူးစက်မှုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ "ကံကောင်းတာက သူက သန်စွမ်းတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်နေပြီး ရောဂါလက္ခဏာမပြခဲ့ပါဘူး" လို့ မီလန်နီယာက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆေးစစ်မှုအဖြေအရ ၎င်းတို့သားအမိနှစ်ဦးလုံး ဗိုင်းရပ်စ်ကင်းစင်သွားခဲ့ပြီလို့ မီလန်နီယာက ဆိုပါတယ်။



ကံကောင်းတာက သူက သန်စွမ်းတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်နေပြီး ရောဂါလက္ခဏာမပြခဲ့ပါဘူး

သူမတို့ ဇနီးမောင်နှံအပြင် သားဖြစ်သူလည်း ကူးစက်ခံခဲ့ရကြောင်းကို မီလန်နီယာက ယခုမှသာ ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ ရောဂါလက္ခဏာတွေက အနည်းဆုံးဖြစ်ခဲ့ပြီး သမ္မတကတော်တစ်ဦးရဲ့ တာဝန်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်းလည်း မီလန်နီယာက ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

"ကျွန်မက ခန္ဓာကိုယ် ကိုက်ခဲတယ်၊ ချောင်းဆိုးပြီး ခေါင်းကိုက်တယ်၊ ပြီးတော့ အချိန်အများစုမှာ ပင်းပန်းနေသလို ခံစားခဲ့ရတာမျိုး ကြုံခဲ့ရပါတယ်၊ ကျွန်မ ဆေးကုသမှုမှာ သဘာဝအလျောက် နည်းလမ်းဘက်ကိုပိုသွားခဲ့တယ်၊ ဗီတာမင်တွေနဲ့ ကျန်းမာစေတဲ့ အစားအစာတွေ ပိုစားခဲ့တယ်" လို့ သူမက ဆိုပါတယ်။

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။

(Photo: AP)

ထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ Walter Reed စစ်ဆေးရုံမှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သမ္မတထရန့်ဟာ လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကျွန်မရဲ့ ဆေးကုသမှုက သဘာဝအလျောက် နည်းလမ်းဘက်ကိုပိုသွားခဲ့တယ်၊ ဗီတာမင်တွေနဲ့ ကျန်းမာစေတဲ့ အစားအစာတွေ ပိုစားခဲ့တယ်

စစ်ဆေးရုံမှာ သမ္မတထရန့်ကို ကုသခဲ့ရာမှာ Regeneron Pharmaceuticals Inc ရဲ့ စမ်းသပ်အဆင့် ပဋိပစ္စည်းကုထုံး၊ Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Remdesivir နဲ့ စတီးရွိုက်ဆေး Dexamethasone တို့ကို အသုံးပြုခဲ့တယ်လို့ အိမ်ဖြူတော်ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။

(Photo: Evan Vucci/AP)

ယခုအခါမှာတော့ ဆေးစစ်မှုအဖြေအရ COVID-19 ကင်းစင်သွားခဲ့ပြီးနောက် မဲဆွယ်စည်းရုံးရေးပွဲမှာ ပြန်လည်ပါဝင်နေပြီ ဖြစ်ပါတယ်။ ထရန့်ထံမှ အခြားသူများသို့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ထပ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်မရှိတော့ကြောင်း ၎င်းရဲ့ ဆရာဝန်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ထရန့်ရဲ့ ဆေးစစ်မှုအဖြေအရ ၎င်းထံမှာ COVID-19 မရှိတော့ကြောင်းနဲ့ အခြားသူများသို့ ကူးစက်နိုင်ခြင်း မရှိတော့ကြောင်း အိမ်ဖြူတော်ဆရာဝန်က အတည်ပြု ပြောကြားခဲ့ပါတယ်။ သမ္မတထရန့်ကို Abbott Laboratories က ထုတ်လုပ်တဲ့ BinaxNOW အမြန်စစ်ဆေးကိရိယာဖြင့် COVID-19 ရှိ မရှိ စစ်ဆေးခဲ့ကြောင်း ဒေါက်တာ Sean Conley က ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က