သူတို့ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်မိသားစုများမှမွေးဖွားလာသူတွေ ဖြစ်ပါတယ်။

သူတို့အနေနဲ့ နည်းပညာတိုးတက်မှုကနေ တစ်ဆင့်ဖြစ်ခဲ့ရတဲ့ စိတ်မချမ်းမြေ့ စရာ ဖြစ်ရပ်များကို သင်ခန်းစာယူပြီး နောက်နောင်မှာ အခုလိုမျိုးထပ်မဖြစ်အောင် ကတိပြုပြီး တောင်းပန်လွှာကို ရေးသားခဲ့ပါတယ်။

Photo: Asia Song Festival 2020



အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပါဝင်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်းပြီးဖျော်ဖြေခဲ့သည်ဆိုတဲ့ ကိစ္စရပ်များနဲ့ပတ်သက်ပြီး နောင်နောင်ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ ကတိပြုရင်း ပြန်လည်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်စဉ်တစ်ခုလုံးသည် ပွဲစီစဉ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအများ ပိုမိုသိရှိစေရန် စေတနာဖြင့် ပံ့ပိုးရာတွင် ကျွန်တော်တို့အကအဖွဲ့နှင့်ပွဲစီစဉ်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် နည်းပညာအသုံးချမှု အချိတ်အဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ခြင်းမရှိသည့် လွဲမှားမှုပေါ်ပေါက်ခဲ့ခြင်းအတွက် ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ စိတ်နှလုံး မချမ်းမြေ့စွာခံစားနေကြရပါသည်” ဆိုပြီး အောက်တိုဘာ (၁၄) ရက်နေ့က ‌ပြောထားတာတွေ့ရပါတယ်။

သူတို့အနေနဲ့ ဗုဒ္ဓဘာသာမိသားစုများမှ မွေးဖွားလာသူများ ဖြစ်သလို နိုင်ငံ၏ ပုံရိပ်နဲ့အမျိုးဘာသာ သာသနာအပေါ်မှာ ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့တာ မဟုတ်ကြောင်းကိုလည်း ဆက်လက်ပြောထားပါသေးတယ်။

Photo - PK

“ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွယ်သည့် သာသနိက အဆောက်အအုံ ဘုရားကျောင်းကန် စေတီပုထိုးများအပေါ်တွင် လည်းကောင်း အစဉ်ထာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်” ဆိုပြီး ပြန်လည်တောင်းပန်စာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲ ကျင်းမယ့်နေခင်းမှာလည်း Rehearsal နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရပေမယ့် ပထမအကြိမ်မှာ LED ပုံရိပ်များ မပါဝင်ဘဲ ဒုတိအကြိမ်မှာသာ LED ပုံရိပ်များ ပါလာတာဖြစ်ပြီး ကနေစဥ်မှာလည်း နေ့ခင်အလင်းရောင်ကြောင့် ပုံတွေကိုသဲသဲကွဲကွဲ မမြင်ခဲ့ရဘူးလိုဆိုပါတယ်။ အဲ့ဒီနောက် ဖျော်ဖြေမှု ပြီးဆုံးချိန် Video ကို ပြန်လည်ကြည့်ရှု့သည့်အခါမှာ ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရတာကြောင့် ပွဲစီစဥ်သူများကို အကြောင်းကြားကာ အသိပေးခဲ့ရတယ်လို့ပြောထားပါသေးတယ်။

“ဖျော်ဖြေပွဲကျင်းပမည့်နေ့ နေ့ခင်းပိုင်းတွင် Rehearsal အစမ်းလေ့ကျင့်မှု ၂ကြိမ် ပြုလုပ်ရပါသည်။ပထမအကြိမ် လေ့ကျင့်စဉ် LED ပုံရိပ်များမပါဝင်ပါ။ဒုတိယအကြိမ်လေ့ကျင့်ဖျော်ဖြေစဉ်တွင် LED ပုံရိပ်များပါလာပါသည်။သို့ရာတွင် ကပြနေစဉ်အတွင်း နေ့ခင်းအလင်းရောင်ဖြင့် မမြင်ရခြင်း၊ဇာတ်ခုံ၏ ဧရိယာမှာ ကျယ်ပြန့်လွန်းခြင်း၊ပြသမှုပုံရိပ်အားလုံးကို ပြည့်စုံစွာခြုံငုံ၍ မြင်ရသည် မဟုတ်ခြင်းတို့ကြောင့် ပုံရိပ်များကို သဲသဲကွဲကွဲပြတ်ပြတ်သားသား မြင်ရခြင်းမရှိခဲ့ပါ။အောက်တိုဘာလ(၁၀)ရက် ညပွဲကပြနေစဉ်အတွင်း မြင်တွေ့ခဲ့ရသည်မှာလည်း တင်ဆက်မှုကိုသာအာရုံစူးစိုက်ရင်းဖြင့် လျှပ်တပြတ် မြင်တွေ့ရခြင်းမျိုးသာဖြစ်ပြီး ပွဲကပြပြီး Video ပြန်ကြည့်သည့်အခါတွင်မှ ကြမ်းပြင်ပုံရိပ်၌ ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်နေသည်ကို တွေ့မြင်ခဲ့မိပါသည်။ထို့ကြောင့် ပွဲစီစဉ်သူထံအကြောင်းကြားခဲ့ရာ ၎င်းတိုက လွဲချော်ခဲ့သည့် video ကိုဖြုတ်ချကာ အသစ်ပြန်လည် ပြင်ဆင်ပေးခဲ့ပါသည်”ဆိုပြီး ပွဲနေ့ရဲ့ ဖြစ်စဥ်များကို အသေးစိတ် ပြန်လည်ရှင်းပြကာ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

Photo - PK

သူတို့အနေနဲ့ နည်းပညာတိုးတက်မှုကနေ တစ်ဆင့်ဖြစ်ခဲ့ရတဲ့ စိတ်မချမ်းမြေ့ စရာ ဖြစ်ရပ်များကို သင်ခန်းစာယူပြီး နောက်နောင်မှာ အခုလိုမျိုးထပ်မဖြစ်အောင် ကတိပြုပြီး တောင်းပန်လွှာကို ရေးသားခဲ့ပါတယ်။

 Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က