ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးနဲ့ ကြုံနေရပေမယ့် တရုတ်နိုင်ငံအတွင်း 5G ဖွံ့ဖြိုးမှုဟာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ စက်တင်ဘာလအထိ ၂၀၂၀ ပထမ ၉ လတာအတွင်း 5G ဖုန်းတင်ပို့မှုဟာ အလုံးရေ ၁၀၇.၇ သန်းအထိ ရှိခဲ့တယ်လို့ GSMArena သတင်းက ဆိုပါတယ်။ ဒီပမာဏဟာ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ တင်ပို့သမျှ ဖုန်းစုစုပေါင်း ၂၂၅.၆ သန်းရဲ့ ၄၇.၅% လည်း ဖြစ်ပါတယ်။
Photo: GSMArena
တရုတ်သတင်းအချက်အလက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာအကယ်ဒမီရဲ့ အစီရင်ခံစာအရ စက်တင်ဘာလအတွင်း တရုတ်မှာ ရောင်းချတင်ပို့တဲ့ ဖုန်းစုစုပေါင်း ရဲ့ ၉၂.၄% ဟာ ဒေသတွင်းကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းအရေအတွက်အနေနဲ့ ပြီးခဲ့တဲ့ လထဲမှာ အလုံးရေ ၂၃.၃ သန်း တင်ပို့ခဲ့ပြီး ဒီထဲက ၂၂ သန်းဟာ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း တင်ပို့ခဲ့တဲ့ ဖုန်းတွေထဲမှာ 5G ကွန်ရက်ချိတ်ဆက်မှုရတဲ့ ဖုန်းပေါင်း ၁၄ သန်းအထိ ပါဝင်ခဲ့တာပါ။ ဒီကာလအတွင်း ဖြန့်ချိတဲ့ 5G မော်ဒယ်သစ်ပေါင်း၂၆ မျိုး ပါဝင်ပါတယ်။ 5G စမတ်ဖုန်းတင်ပို့မှုအနေနဲ့ စက်တင်ဘာလအတွင်း တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၉.၆% ပိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စမတ်ဖုန်းတင်ပို့မှုအနေနဲ့ ပြီးခဲ့တဲ့ ၉ လအတွင်း တင်ပို့မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် ကာလတူ တင်ပို့မှုအောက် ၂၁% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။