အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအခက်အခဲတွေကြောင့် ကရင်ပြည်နယ်လွှတ်တော်က တင်ပြတောင်းဆိုထားတာပါ။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်အတွင်းက ကျေးရွာအုပ်စု (၇) ခုကို မဲဆန္ဒနယ်စာရင်းကနေပယ်ဖျက်ပေးဖို့ တောင်းဆိုမှုရှိထားတာကြောင့် ပယ်ဖျက်သင့် ၊မသင့်ကို စိစစ်နေတယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။



ပယ်ဖျက်ပေးဖို့တောင်းဆိုခံထားရတဲ့ နယ်မြေတွေဟာ ၂၀၁၅ တုန်းက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေ ဖြစ်ပြီး လက်ရှိအချိန်မှာ ငြိမ်းချမ်းရေး ရရှိထားပြီးဖြစ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေအဖြစ် တိုးချဲ့ဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

" အဲ့ဒီနေရာတွေက ၂၀၁၅ တုန်းက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေဖြစ်တယ်။ခု၂၀၂၀ မှာတော့ ငြိမ်းချမ်းရေး ရနေပြီတာကြောင့် ဒီနေရာတွေကိုတိုးချဲ့ပြီး ဆောင်ရွက်ဖို့အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ထောက်ခံပြီးသားပါ။ ဒါပေမယ့် ပြည်နယ်လွှတ်တော်ဥက္ကဌက ဒီနေရာတွေကို မဲဆန္ဒနယ်စာရင်းကနေပယ်ဖျက်ပေးဖို့ တောင်းဆိုလာလို့ လက်ရှိ စိစစ်နေဆဲ ဖြစ်ပါတယ်"လို့ အတွင်းရေးမှူးဦးမောင်မောင်နိုင်ကပြောပါတယ်။

လှိုင်းဘွဲမြို့နယ်အတွင်းက မဲလရောကျေးရွာအုပ်စု၊သမိုကျေးရွာအုပ်စု၊ရေတံခွန်ကျေးရွာအုပ်စု၊ ကလယ်ကျေးရွာအုပ်စု၊ မိကြောင်းကျေးရွာအုပ်စု ၊ဝင်းစောကျေးရွာအုပ်စု ၊ ရင်းဘိုင်းကျေးရွာအုပ်စုတို့ ကို မဲစာရင်းကနေ ပယ်ဖျယ်ပေးဖို့ ကရင်ပြည်နယ်လွှတ်တော်က အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်ကြေညာထားတာပါ။

အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)နဲ့ ကရင်ပြည်နယ် လွှတ်တော် လှိုင်းဘွဲ့ မဲဆန္ဒနယ် အမှတ် (၂) ရှိ မဲဆန္ဒနယ်မြေအချို့က ရွာတချို့ဟာ ကိုဗစ်ရောဂါကြောင့် ဝင်ရောက်ဖို့ ပိတ်ဆို့ခံရပြီး ကွင်းဆင်း စည်းရုံးဖို့ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်း စတဲ့ အခြေအနေတွေကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ တင်ပြချက်အရ ယခင် ၂၀၁၅ ရွေးကောက်ပွဲ ကာလအတိုင်း ပယ်ဖျက်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က