နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးဖို့လည်း နိုင်ငံတော်သမ္မတရုံးအနေနဲ့ အကြောင်းကြား သွားမယ်လို့ ဆိုပါတယ်။

နှင်းဆီပါတီဥက္ကဌရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်း (၅၉) ခုကိုစစ်ဆေးခဲ့ရာမှာ တရုတ်နိုင်ငံမှတဆင့် တရားမဝင်လွှဲပြောင်းရယူထားတဲ့ ငွေကြေးတွေပါဝင်နေတာကိုစုံစမ်းသိရှိရပြီး ပါတီလုပ်ငန်းများအတွက်လည်း သုံးစွဲထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားတင်ပြသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ (၁၅) ရက်က ကျင်းပခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နှင်းဆီပါတီဥက္ကဌရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်းမှာ တရုတ်နိုင်ငံထံကနေ တရားမဝင်လွှဲပြောင်းရယူထားတဲ့ငွေကြေး ကျပ်ငွေ (၁၆) ဘီလျံကျော်ရှိတယ်လို့ စုံစမ်းသိရှိထားရပြီး ငွေကြေးခဝါချမှုဥပဒေနဲ့ငြိစွန်းနေတယ်လို့ ဆိုပါတယ်။



ဒါ့အပြင် ပါတီဝင်တွေနဲ့ပါတီလုပ်ငန်းစဉ်တွေအတွက် တရားမဝင်ငွေကြေးတွေကိုအသုံးပြုနေတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးမှုလည်းတွေ့ရှိခဲ့တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ကိုက်ညီမှုရှိ/မရှိကို စိစစ်ပေးဖို့လည်း နိုင်ငံတော်သမ္မတရုံးအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြား သွားမယ်လို့ ဆိုပါတယ်။ 

ဓာတ်ပုံ- နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးစဉ် 

"ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကိုထောက်ပံ့ကြေးတွေပေးတယ်။ ဒီလိုဆောင်ရွက်တာက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၆(စ)ပေါ့နော်။ အဲ့မှာဘယ်လိုဖော်ပြထားသလဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့အစိုးရ (သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်းတစ်ခုခု(သို့) လူပုဂ္ဂိုလ်တစ်ဦးဦးထံက ငွေကြေးပစ္စည်း၊အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ၊ ရယူသုံးစွဲခြင်း(သို့)ယင်းတို့ရဲ့သြဇာခံခြင်းမပြုရဆိုတဲ့ ပြဌန်းချက်တွေနဲ့ကိုက်ညီမညီပေါ့နော်။ ဒီအချက်အလက်တွေနဲ့မူတည်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မတီကို ကျွန်တော်တို့ အကြောင်းကြားထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆက်လက်ဆောင်ရွက်မှာပါ။"လို့ ဦးဇော်ဌေးကပြောပါတယ်။ 

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ကိုယ်ပိုင်ငွေကြေးထဲကနေ ပါတီအတွက် သုံးစွဲခဲ့တဲ့ငွေကြေးက ကျပ်ငွေ ၁.၃ဘီလျံကျော်ရှိတယ်လို့လည်း စုံစမ်းသိရှိရထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ထောင်ပြေးမှုနဲ့ လက်ရှိမှာ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိစုံစမ်းဖော်ထုတ်ထားတဲ့အချက်အလက်တွေအရ ဦးကျော်မြင့်ဟာ တရားမဝင်ငွေကြေးလွှဲပြောင်း လက်ခံရရှိထားတဲ့အတွက် (၂၀၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး ပုဒ်မ (၄၃) အရ ထောင်ဒဏ် (၁၀) နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က