မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာပါ။

ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဆုတွေက သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Best Fiction ၊ အကောင်းဆုံး ဒါရိုက်တာ Best Director ဆု နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ်မြန်မာနိုင်ငံ ပါဝင်ထားတာပါ။

Photo : သူစိမ်းအိမ်

စင်ကာပူနိုင်ငံမှာ နှစ်စဥ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ Asian Academy Creative Awards‌ ဆုပေးပွဲကြီးအတွက် ဆန်ခါတင်စာရင်းတွေ ပေါ်ထွက်လို့လာခဲ့ပါပြီ။ ထိုဆုပေးပွဲကြီးရဲ့ ဆန်ခါတင်စာရင်းမှာ “သူစိမ်းအိမ်”ဇာတ်ကားက ဆုသုံးဆုပါဝင်နေတယ်လို့ သိရပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဆုတွေက သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Best Fiction ၊ အကောင်းဆုံး ဒါရိုက်တာ Best Director ဆု နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ်မြန်မာနိုင်ငံ ပါဝင်ထားတာပါ။

Photo : သူစိမ်းအိမ်

အဆိုပါသတင်းနဲ့ပတ်သက်ပြီးတော့ “ သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကိုပုံဖော်သူ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကလည်း” အခုလို အဖက်ဖက်က စိတ်ဒုက္ခရောက်နေရတဲ့အချိန်မှာ ကျွန်တော့်ကို အားဖြစ်စေတဲ့ သတင်းတစ်ခု အားလုံးနဲ့ ဝေမျှချင်ပါတယ်။Asian Academy Creative Awards မှာ ကျွန်တော်တို့ ရဲ့ သူစိမ်းအိမ် - Stranger's House ရုပ်ရှင်ဇာတ်ကားကြီး က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Fiction ၊ ကျွန်တော်က အကောင်းဆုံး ဒါရိုက်တာ Best Director ဆု ၊ ကူးကူးဇင်အောင် က အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ် National Winner များအဖြစ် အရွေးချယ်ခံရပါတယ်။အဲဒါကြောင့် အာရှအဆင့်အနေနဲ့ တခြား အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများနှင့်အတူ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုများမှာ ဆန်ကာတင် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်” ဆိုပြီး အောက်တိုဘာ(၁၅) ရက်နေ့ ညနေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “သူစိမ်းအိမ် “ ဇာတ်ကားအတွက် ပရိသတ်တွေလည်း ဝမ်းသာနေကြသလို “သူစိမ်းအိမ်”အဖွဲ့သားတွေလည်း ပျော်လို့နေကြပါတယ်။


Photo : သူစိမ်းအိမ်

နိုင်ငံအလိုက် ဆန်ခါတင်စာရင်းပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားများ၊အနုပညာရှင်များအကြောင်းကိုလည်း ဒီနေ့(အောက်တိုဘာ၁၅ရက်)မှာ Asian Academy Creative Awards ဖေ့စ်ဘွတ်စာမျက်နှာကနေ Live လွှင့်ပြီး ‌ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျင်းပခဲ့တာကတော့ Asian Academy Creative Awards 2020 National Winner ရွေးချယ်ပွဲဖြစ်ပါတယ်။

Asian Academy Creative Award ဆုပေးပွဲဟာ နှစ်စဉ်နှစ်တိုင်း စင်ကာပူနိုင်ငံမှာ ပြုလုပ်လေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ ဆုပေးပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ Asian Academy Creative Awards 2020 ပွဲကြီးကိုတော့ ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။




Share

Loading Next Article...
က္က