National Winnerအဖြစ် ရွေးချယ်ခံရပြီး Grand Final အတွက် ဆန်ခါတင်စာရင််းမှာ ပါခဲ့တဲ့အတွက် ခါရာအနေနဲ့ အတိုင်းမသိ ဝမ်းသာမိတယ်လို့ဆိုပါတယ်။
Photo : Canal+
ဒီနေ့(အောက်တိုဘာ၁၅ရက်)မှာ ကျင်းပခဲ့တဲ့ Asian Academy Creative Awards 2020 ရဲ့ National Winner ရွေးချယ်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် သရုပ်ဆောင် ခါရာဟာ လောကကြိုးဝိုင်း ဇာတ်လမ်းတွဲနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး Grand Final အတွက် ဆန်ခါတင်ရွေးချယ် ခံခဲ့ရပါတယ်။ National Winnerအဖြစ် ရွေးချယ်ခံရပြီး Grand Final အတွက် ဆန်ခါတင် စာရင်းမှာ ပါခဲ့တဲ့အတွက် ခါရာအနေနဲ့ အတိုင်းမသိ ဝမ်းသာမိတယ်လို့ဆိုပါတယ်။
Photo : Canal+
နိုင်ငံအလိုက် ဆန်ခါတင်စာရင်းပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားများ၊အနုပညာရှင်များအကြောင်းကိုလည်း ဒီနေ့(အောက်တိုဘာ၁၅ရက်)မှာ Asian Academy Creative Awards ဖေ့စ်ဘွတ်စာမျက်နှာကနေ Live လွှင့်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။
လောကကြိုးဝိုင်း ဇာတ်လမ်းတွဲကို Arkar Production ကရိုက်ကူးခဲ့ပြီး Canal+ Channel ကပြသခဲ့တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ကားလည်းဖြစ်ပါတယ်။ National အဆင့်မှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့ပြီး ဒီဇင်ဘာမှာကျင်းပမယ့် Grand Final ပွဲမှာ အခြားသောနိုင်ငံများမှ National Winners များနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
Asian Academy Creative Award ဆုပေးပွဲဟာ နှစ်စဉ်နှစ်တိုင်း စင်ကာပူနိုင်ငံမှာ ပြုလုပ်လေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ ဆုပေးပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ Asian Academy Creative Awards 2020 ပွဲကြီးကိုတော့ ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။