Snapdragon 865 chip ကို မမှီဘူးလို့ ဆိုပါတယ်။

ဒီတစ်ပတ်ထဲ မိတ်ဆက်သွားခဲ့တဲ့ iPhone 12 ရဲ့ Benchmark ရလဒ်ကို တိုင်းကြည့်ရာမှာ ထင်သလောက် မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

iPhone 12 စီးရီးဟာ 5nm chipset ပထမဆုံး သုံးလာတဲ့ A14 Bionic chip သုံးထားတာ ဖြစ်ပါတယ်။ Appple ရဲ့ အဆိုအရ A14 Bionic ဟာ ထရန်စစ္စတာ ၁၁.၈ ဘီလျံ နဲ့ ဖွဲ့စည်းထားပြီး တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း ၁၁ ထရီလီယံ အထိ လုပ်နိုင်မယ်လို့ ကြေညာခဲ့တာပါ။ 



Photo: GSMArena


ဒီ chipset သစ်ဟာ A12 series ထက် CPU စွမ်းရည် ၄၀% နဲ့ GPU စွမ်းရည် ၃၀% ပိုမြန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း AnTuTu ရဲ့ Benchmark တိုင်းတာမှုမှာတော့ A14 Bionic chipset ရဲ့ စွမ်းရည်ဟာ Flalgship အန်းဒရိုက်ဖုန်းတွေမှာ သုံးနေတဲ့ Qualcomm ရဲ့ Snapdragon 865 chip ကို မမှီဘူးလို့ ဆိုပါတယ်။

AnTuTu Benchmark စစ်ဆေးမှုမှာ RAM 4GB/256GB မော်ဒယ် iPhone 12 ကို ရမှတ် ၅၆၄၈၉၉ ပေးထားပြီး RAM 6GB/256GB iPhone 12 Pro ကို ၅၇၂၁၃၃ မှတ် ပေးထားတာပါ။ အန်းဒရိုက်ဖုန်းတွေထဲမှ ထိပ်တန်း AnTuTu score ရတဲ့ ဖုန်းတွေရဲ့ အမှတ်ဟာ ပျမ်းမျှအားဖြင့် ရမှတ် ၆၆၀၀၀၀ ကျော် ရှိပါတယ်။ 

Snapdragon 865 SoC သုံးထားတဲ့ 12GB/256GB မော်ဒယ် Vivo iQOO 5 နဲ့ 5 Pro တို့ကို AnTuTu က score ၆၆၂၁၆၅ မှတ်နဲ့ ၆၆၃၇၅၂ မှတ်တို့ ပေးထားပါတယ်။ A14 Bionic chip ဟာ အရင်နှစ် A13 Bionic chips နဲ့ စာရင် သိပ်ပြီး သိသာတဲ့ ရလဒ်မပြနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်က အမြင့်ဆုံးမော်ဒယ် iPhone 11 Pro Max ဟာ AnTuTu မှာ ရမှတ် ၅၁၈၉၈၀ ရခဲ့တာ ဖြစ်လို့ A14 Bionic ဟာ အရင်နှစ်ကထက် ၅-၆% ပဲ ပိုမြန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Photo: GSMArena


GeekBench ဟာ iPhone 12 Pro ကို single core ၁၅၉၀ မှတ်နဲ့ multi-core ၃၈၈၁ မှတ် ပေးထားတာပါ။ iPhone 12 Mini (RAM 4GB) ဟာ GeekBench မှာ single core ၁၅၈၈ မှတ်နဲ့ multi-core ၃၆၇၇ မှတ် ရထားပါတယ်။ GeekBench ရဲ့ score အရ A14 Bonic chip ဟာ အရင်နှစ် iPhone 11 Pro မော်ဒယ်တွေမှာ သုံးခဲ့တဲ့ A13 chip ထက် ၂၀% ဝန်းကျင်ပဲ ပိုမြန်တယ်လို့ ပြထားပါတယ်။ 

iPhone 12 နဲ့ iPhone 12 Pro တို့ကို ၇၉၉ ဒေါ်လာနဲ့ ၉၉၉ ဒေါ်လာဈေးတွေနဲ့ preorder စတင် လက်ခံနေပြီ ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နေ့က စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က