တန်ဖိုးနည်းဖုန်း Brand တစ်ခုဖြစ်တဲ့ Coolpad ဟာ notchless display နဲ့ သုံးလုံးတွဲကင်မရာသုံးထားတဲ့ ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။
Coolpad Cool 6 နာမည်နဲ့ ထွက်လာတဲ့ ဒီဖုန်းဟာ သူ့အရင်ထွက်ထားတဲ့ Cool 5 ကို အတော်များများ အဆင့်မြှင့်လိုက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅၃ လက်မ ဟာ 2340 x 1080p ရုပ်ထွက်ပါရှိပြီး Notch မပါတဲ့ ဒီဇိုင်းနဲ့ လာပါတယ်။ ရှေ့ကင်မရာကို ကိုယ်ထည်ထဲ ထည့်ထားပြီး ဆယ်လ်ဖီဆွဲမှ Pop-Up တက်လာအောင် ထုတ်ထားတာ ဖြစ်ပါတယ်။
Photo: indiatvnews
selfie ကင်မရာဟာ 21MP sensor သုံးထားပြီး ကျောဘက်မှာ fingerprint scanner နဲ့ ထောင်လိုက် သုံးလုံးတွဲကင်မရာစနစ် တပ်ဆင်ထားပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ 48MP main sensor ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ထည့်ထားပြီး ကင်မရာတွေရဲ့ အောက်မှာ LED flash တစ်ခုလည်း ပါရှိပါတယ်။
Coolpad Cool 6 ဟာ Helio P70 SoC သုံးထားပြီး RAM 4GB/64GB နဲ့ RAM 6GB/128GB ဗားရှင်း နှစ်မျိုး ထွက်ထားပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးဟာ storage အနေနဲ့ 256GB အထိ ထပ်တိုးနိုင်ဖို့ microSD card slot တစ်ခုလည်း ပါရှိပါတယ်။ ဘက်ထရီပါဝါ 4000mAh ဟာ USB-C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
မီးခိုးရောင်နဲ့ အပြာရောင် ကာလာ ၂ မျိုးနဲ့ လာပြီး အနိမ့်မော်ဒယ် ၁၀၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၉ သောင်းခွဲကျော်) နဲ့ အမြင့်မော်ဒယ်ကို ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။