အဲဒီပရိသတ်တွေကြောင့် ပိုကြိုးစားရတယ်။

G Fatt ကတော့ အဆိုတော် စဖြစ်ကတည်းကနေ အခုချိန်ထိ သူ့အပေါ် ရူးသွပ်စွာ အားပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: G Fatt

G Fatt ကတော့ ဂီတလောကမှာ ထိပ်တန်းစာရင်းဝင် အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုချစ်လို့ အားပေးပြီး နာမည်ကို တက်တူးထိုးကြတာတွေ၊ ဓာတ်ပုံနဲ့ အမှတ်တရ လက်ဆောင်လေးတွေ လုပ်ပေးထားကြတာကို မြင်ရတိုင်း အဆိုတော် စလုပ်တုန်းကလိုပဲ ကြည်နူးပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်။ 

" ကိုယ့်ကိုရူးသွပ်စွာအားပေးတဲ့လူတွေ ရှိကြောင်းသိရလေ ကိုယ်တာဝန်ပိုကြီးစွာကြိုးစားရလေပါပဲ ၊ ကိုယ် အဆိုတော်ပေါက်စအရွယ်လေးတုန်းက (အခုလဲပေါက်စလေးပါပဲ) ကိုယ့်နာမည် ကို တက်တူး ထိုးတဲ့ ပုံစမြင်ရတော့ အရမ်းပျော်ခဲ့ရတယ်။ အဲ့ဒီနောက် ကိုယ့်မွေးနေ့ ၊ ကိုယ့်ပုံ ၊ အခွေထွက်တဲ့နေ့၊ အခွေနာမည်၊ စသည်ဖြင့် အမှတ်တရလေးတွေ ထိုးလာကြတာမြင်တိုင်း ပျော်ခဲ့ရတယ် ။အဲဒီတုန်းက အပျော်နဲ့ ကြည်နူးမှု တွေက အခုဒီပုံကိုမြင်လိုက်ရတဲ့အချိန်ခံစားရတဲ့ ကြည်နူးမှုတွေနဲ့လဲ ထပ်တူပါပဲ။ နောက်တစ်ချက်က တက်တူး မထိုးပေမယ့်လည်း ကိုယ့်ကို ချစ်ကြတဲ့သူတွေရှိသေးတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အပေါ်ရူးသွပ်မှုကို စာလေးတစ်ကြောင်း ၊ လက်ဆောင်လေးတစ်ခု (သို့) လုပ်ရပ်လေးတစ်ခုခုနဲ့ ဖော်ပြတာမြင်တိုင်း ပျော်ရပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၁၆) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: G Fatt

G Fatt ဟာ Covid ကာလအတွင်းမှာလည်း သီချင်း အသစ်လေးတွေ ထွက်ရှိထားပါတယ်။ ရွက်လှေ သီချင်းနဲ့ အဝေးပြေးလမ်းမ ဆိုတဲ့ သီချင်းအသစ်လေးတွေကလည်း ပရိသတ်အားပေးမှုတွေ တစ်ခဲနက် ရရှိထားတဲ့ သီချင်းလေးတွေပါ။ နောက်ထပ် သီချင်းအသစ်လေးတွေလည်း ထွက်ရှိလာဦးမယ်လို့ G Fatt က ဆိုပါတယ်။ 

" ဒီရက်ပိုင်း အခန်းအောင်းပြီး သီချင်းတစ်ပုဒ်ထဲနစ်ဝင်နေတာ မိုးလင်းကမိုးချုပ်ပဲ ၊ ခဏနေရင်လဲ အခန်းပြန်အောင်းပြီးအဲ့သီချင်းထဲ ပြန်ဝင်ရဦးမယ် ဒါလေးပြီးရင်တော့  Live လဲပြန်လွှင့်မယ် Fandom Name လဲစဉ်းစားပြီးပါပြီ မထင်ရင် မထင် သလိုသီချင်းအသစ်တွေဘာတွေလဲ ကောက်တင်ပစ်ချင်နေတဲ့ကာလဖြစ်လို့ ကိုယ့်ကိုအရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးပါလို့ မှာချင်ပါတယ်" လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က