သူဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

အသက်(၁၅) နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ခင်ဇာခြည်ဇော် ကတော့ အနုပညာနဲ့ပတ်သက်ပြီး ဘဝမှာ မေ့လို့ မရတဲ့ အမှတ်တရလေးတွေရှိတယ်လို့ဆိုပါတယ်။ 

Photo: Khin Zar Chi Kyaw



ခင်ဇာခြည်ကျော်ကတော့ ၁၉၉၁ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သူမရဲ့ အသက်က (၁၅) နှစ်အရွယ်သာရှိသေးတယ်လို့ ဆိုပါတယ်။ “ခရာဒါဒါ” ဆိုတဲ့ ဗီဒီယို ဇာတ်ကားထဲမှာ ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း “ဖြူနီညိုပြာ” ဆိုတဲ့ TV ဇာတ်လမ်းလေးရိုက်တော့မှသာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာလို့ သူက ပြောပါတယ်။ 

“ ဇာလေးက အနုပညာလောကထဲကို ၁၉၉၁ ခုနှစ်က စပြီး အသက်(၁၅) နှစ်အရွယ်နဲ့ စပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ဇာလေး ပထမဆုံးရိုက်ခဲ့တဲ့ ဗီဒီယို ဇာတ်လမ်းကတော့ ဘဘ ဦးခင်ဇော်ရိုက်ကူးတဲ့ ခရာဒါဒါ ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အကယ်ဒမီ ဦးနေအောင်၊ အကယ်ဒမီ ကိုရဲအောင်တို့နဲ့ အတူ ပထမဆုံး ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်ရှင်။ ဇာလေးကို အခုလို ခင်ဇာခြည်ကျော် ဆိုပြီးတော့ ပရိသတ် အသိအမှတ်ပြုလာတဲ့ TVဇာတ်လမ်းလေးကတော့ ဒါရိုက်တာ ကိုမိုက်တီးရိုက်ကူးတဲ့ “ ဖြူနီညိုပြာ” ဆိုတဲ့ TV ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အခုဆိုရင် ဇာလေးရဲ့ အနုပညာသက်တမ်းက (၂၉) နှစ်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ ရုပ်ရှင်ကားပေါင်း များစွာကိုလည်း ရိုက်ကူးခဲ့ပါတယ်” ဆိုပြီးတော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ဂုဏ်ပြုစကားပြောကြားရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ 

Photo: Khin Zar Chi Kyaw

ခင်ဇာခြည်ကျော်ဟာ သူမရဲ့ အနုပညာသက်တမ်း(၂၉) နှစ်အတွင်းမှာ အကယ်ဒမီဆုရရှိခဲ့ဖူးတဲ့ သရုပ်ဆောင် တစ်ဦးပါ။ ဒီ အကယ်ဒမီဆုဟာလည်း သူမရဲ့ အနုပညာသက်တမ်း တစ်ယောက်မှာ မိခင်ဖြစ်သူနဲ့ အတူတူ စင်ပေါ်မှာ ဆုတက်ယူခဲ့ရတဲ့ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ဇာလေး ဘဝမှာ လုံးဝမမေ့နိုင်စရာ အမှတ်တရလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဒါက ၂၀၀၂ ခုနှစ်မှာ “ငါ သူတစ်ပါး ယောက်ျား မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံး အမှတ်တရအနေနဲ့ ဇာလေးရဲ့ မေမေကလည်း အဲဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ယူနိုင်ခဲ့ပါတယ်။ အသားအမိ နှစ်ယောက်စလုံး စင်ပေါ်မှာ ဆုအတူတူယူခဲ့ရတဲ့ နေ့လေးကတော့ ဘဝမှာ မမေ့နိုင်စရာ အမှတ်တရ နေ့လေးပါပဲ။ အဲဒီဇာတ်ကားကြီးဟာမြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကားတည်းနဲ့ အကယ်ဒမီဆု (၇) ဆုကို ရယူခဲ့တဲ့ ပထမဆုံးဇာတ်ကားလည်းဖြစ်ပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: RBV

ခင်ဇာခြည်ကျော်ဟာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောတွေကြားမှာ ခင်ဇာခြည်ကျော်ကလည်း တစ်ဦး အပါအဝင်ပါ။ သူမဟာ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ကားကြီးများစွာကိုလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူ ဘုန်းမင်းနေလ နဲ့ သမီးငယ် ထင်သစ္စာတို့ကလည်း အခုဆိုရင် အနုပညာလောကထဲကို ကြော်ငြာတွေ ရိုက်ကူးရင်း ဝင်ရောက်လာတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က