သောကြာနေ့အထိ လူပေါင်း ၂ သန်းကျော် စာရင်းသွင်းထားပါတယ်

တရုတ်လူမှုမီဒီယာပလက်ဖောင်းတွေပေါ်မှာ iPhone 12 မိတ်ဆက်ပွဲ Livestream မပြခဲ့ပေမယ့် 5G iPhone 12 မော်ဒယ်သစ်တွေ ဝယ်ဖို့ စိတ်ဝင်စားသူ သန်းနဲ့ ချီ ရှိနေတယ်လို့ ဆိုပါတယ်။ 

South China Morning Post သတင်းအရ တရုတ်နိုင်ငံသား ၂.၃ သန်းကျော်ဟာ e-Commerce ဝက်ဘ်ဆိုက်တွေပေါ်ကနေ iPhone သစ် ဝယ်ဖို့ စာရင်းသွင်းနေကြတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက e-Commerce ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ JD.com ပေါ်မှာတင် သောကြာနေ့ မနက် ၁၀ နာရီအထိ တရားဝင် Apple Store တွေကနေ iPhone 12 ဖုန်းသစ်တွေ ဝယ်ဖို့ စာရင်းပေးထားသူ ၁ သန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။



Photo: bloomberg


ဒီဝက်ဘ်ဆိုက်ရဲ့အချက်အလက်တွေအရ iPhone 12 ရိုးရိုးမော်ဒယ်ကို Booking တင်ထားသူ ၄၃၇၀၀၀ ကျော်နဲ့ iPhone 12 Pro ကို ၃၉၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ Apple ရဲ့ ပထမဆုံး 5G iPhone ဟာ Redesign ဗားရှင်းအဖြစ် ပွဲထွက်လာပြီး တစ်ကမ္ဘာလုံးက ဒီနှစ် iPhone 12 Livestream လွှင့်မိတ်ဆက်မှုကို စောင့်ကြည့်ခဲ့တာပါ။ 

တရုတ်နိုင်ငံက iPhone fan တွေကတော့ ဒီပွဲကို ဒေသတွင်းဗွီဒီယို ပလက်ဖောင်းတွေပေါ်မှာ ကြည့်မရခဲ့ဘဲ Apple official site ကနေပဲ ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ Bloomberg သတင်းအရ တရုတ်မှ Tencent Video ၊ iQiyi ၊ Bilibili နဲ့ Weibo တို့မှာ iPhone Event ပြသခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီသတင်းမှာပဲ တရုတ်ပလက်ဖောင်းတွေအနေနဲ့ iPhone မိတ်ဆက်ပွဲ မပြခဲ့တဲ့အပေါ် ဖြေရှင်းချက်မပေးခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။

Weibo လူမှုကွန်ရက်မှာ iPhone 12 ဟာ ရေပန်းအစားဆုံး ခေါင်းစဉ်ဖြစ်ခဲ့ပြီး ဒီထုတ်ကုန်သစ်နဲ့ ပတ်သက်ပြီး ပုံတွေအများအပြားလည်း လူမှုကွန်ရက်တွေပေါ်မှာ တင်ခဲ့ကြပါတယ်။ တရုတ်ဟာ Apple ရဲ့ ဒုတိယဝင်ငွေအများဆုံး ရှာပေးနေတဲ့ ဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က