အောက်တိုဘာ ၁၅ ရက်အထိ မိုးကုတ်မြို့နယ်မှာ ရောဂါ ကူးစက်ခံရမှုမရှိခဲ့ဘဲ ည ၈ နာရီအချိန်ထုတ်ပြန်ကြေညာချက်မှာမှ ကူးစက်ခံရသူ သုံးဦးထွက်ပေါ်လာတာပါ။

မနေ့က မိုးကုတ်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးတွေ့ရပြီးတဲ့နောက်မှာတော့ မန္တလေးတိုင်းတစ်တိုင်းလုံးရောဂါကူးစက်ပြန့်နှံ့သွားပြီလို့ပြောလို့ရသွားပြီဖြစ်ပါတယ်။

"ရန်ကုန်ကနေပြန်လာတာ ငါးယောက် အဲဒါတစ်စီးထဲမှာပါလာတာ ဒါပေမယ့် သုံးယောက်က Positive ဖြစ်ပြီးတော့ နှစ်ယောက်က Negative ဖြစ်ပါတယ်၊ သူတို့က မြို့ခံတွေနဲ့အထိအတွေ့ရှိမထားပါဘူး၊ ရောက်ကတည်းက ကျောက်ဖားဂိတ်ကနေ ကွာရန်တင်းစင်တာတန်းပို့ထားသူတွေပါ ကျန်းမာရေးအခြေအနေလည်းကောင်းပါတယ်" လို့ မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ Negative အဖြေထွက်ထားသူနှစ်ဦးနဲ့ ကွာရန်တင်းစင်တာက ၁၂ ဦးတို့ကိုလည်း ဓာတ်ခွဲနမူနာယူစစ်ဆေးထားတယ်လို့သိရပြီး မိုးကုတ်မြို့ရဲ့ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုအခြေအနေကစိုးရိမ်လွန်ကဲစရာအခြေအေ နမဟုတ်ဘူးလို့လည်း မိုးကုတ်မြို့နယ်ပြန်/ဆက်ကအသိပေးကြေညာထားပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုစတင်ဖြစ်ပေါ်ခဲ့တဲ့ ပထမလှိုင်းကတည်းကနေ မနေ့ကအောက်တိုဘာ ၁၅ ရက်ညနေပိုင်းအချိန်အထိ မိုးကုတ်မြို့နယ်မှာ ရောဂါ ကူးစက်ခံရမှုမရှိခဲ့ဘဲ ည ၈ နာရီအချိန်ထုတ်ပြန်ကြေညာချက်မှာမှ ကူးစက်ခံရသူ သုံးဦးထွက်ပေါ်လာတာပါ။ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ ခုရှိတာမှာ ဒီကနေ့မနက် ၁၀ နာရီအချိန်အထိရရှိထားတဲ့သတင်းအတည်ပြုချက်အရ ရောဂါကူးစက်ခံထားရသူ ၈၆၂ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၄၇၂ ဦး၊ သေဆုံးသူ ၂ ဦးရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က