ဒီကနေ့ အောက်တိုဘာလ(၁၆)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။
ရွေးကောက်ပွဲအခွင့်အရေးများအပေါ် အကြမ်းဖက်၊ နှောင့်ယှက်မှုများကို သက်ဆိုင်ရာဌာနအသီးသီးမှ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ သမ္မတရုံးက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက "တည်ဆဲဥပပဒေနဲ့အညီ အရေးယူဆောင်ရွက်ရေး" ဆိုပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးများကို ခြိမ်းခြောက်နှောင့်ယှက်မှုများကို ထိရောက်စွာ အရေးယူဖို့ ညွှန်ကြားထားပါတယ်။



လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေကို ဆောင်ရွက်နေတဲ့ ယခုကာလမှာ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးတွေကို ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများကို လုပ်ဆောင်နေသလို ဘာသာရေး၊လူမှုရေးတွေကို အကြောင်းပြပြီး ဆူပူမှုတွေနဲ့ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်မှုတွေရှိနေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကလည်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားပါတယ်။

အောက်တိုဘာလ (၁၄)ရက်နေ့က ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်က NLDကိုယ်စားလောင်း(၃)ဦး မဲဆွယ်စည်းရုံးရေး ဆောင်ရွက်စဉ်အတွင်းမှာ လက်နက်ကိုက်အကြမ်းဖက်အဖွဲ့အစည်းရဲ့ ဖမ်းဆီးခေါ်ဆောင်မှုကို ခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် NLDပါတီနဲ့အတူ အခြားနိုင်ငံရေးပါတီများကပါ တောင်းဆိုမှုတွေပြုလုပ်ထားပေမယ့် ယနေ့ထိ ကိုယ်စားလှယ်တွေကို ပြန်လည်မလွှတ်ပေးသေးသလို အဆက်အသွယ်လည်းမရရှိသေးဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က