လာမယ့် နိုဝင်ဘာလ (၈)ရက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီကြေညာချက်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စု (၁၉၂)စု ၊ ကရင်ပြည်နယ်က (၅၂)စု ၊ ပဲခူးတိုင်းဒေသကြီးအတွင်းက (၄၂)စု ၊ မွန်ပြည်နယ်က ကျေးရွာအုပ်စု (၁)စု ၊ ရခိုင်ပြည်နယ်မှာတော့ တစ်မြို့နယ်လုံးအဖြစ် (၉)မြို့နယ် ၊ ကျေးရွာအုပ်စု (၁၃၇)စု ၊ ရပ်ကွက် (၁၅)ခုတို့ပါဝင်ပြီး ရှမ်းပြည်နယ်မှာတော့ တစ်မြို့နယ်လုံးအဖြစ် (၆)မြို့နယ် ၊ ကျေးရွာအုပ်စု (၁၂၇)စု ၊ ရပ်ကွက် (၈)ခု ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် (၁၉၂/၂၀၂၀)မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ကချင်ပြည်နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာတော့ ခေါင်လန်ဖူး (၁) ၊ ဆွမ်ဘရာဘွမ်(၃၁) ၊ မချမ်းဘော (၁၅) ၊ မံစီ (၂၂) ၊ မိုးမောက် (၂၁) ၊ ရွှေကူ (၉) ၊ ချီဖွေ (၉) ၊ ဆော့လော် (၈) ၊ တနိုင်း (၂) ၊ ဝိုင်းမောင် (၁၃) နဲ့ အင်ဂျန်းယန်မြို့နယ်က ကျေးရွာအုပ်စု (၆၁)စုတို့ ပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် (၁၉၃/၂၀၂၀)မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ကရင်ပြည်နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာတော့ ကော့ကရိတ် (၇) ၊ ကြာအင်းဆိပ်ကြီး (၉) ၊ ဖာပွန် (၂၅) ၊ ဘားအံမြို့နယ်က ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု ၊ သံတောင်ကြီး (၈) စု နဲ့ မြဝတီမြို့နယ်က ကျေးရွာအုပ်စု (၃)စု ပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် (၁၉၄/၂၀၂၀)မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက ကျေးရွာအုပ်စုတွေကတော့ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာအုပ်စု (၁၂)စု ၊ ရွှေကျင်မြို့နယ်အတွင်းက (၃၀)အုပ်စု ပါဝင်ပြီး ကြေညာချက် (၁၉၅/၂၀၂၀)မှာတော့ မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်က ဘောနော်ခီးကျေးရွာအုပ်စု ပါဝင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် (၁၉၆/၂၀၂၀)မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တစ်ခုလုံးအနေနဲ့ ပေါက်တော ၊ ပုဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော ၊ ကျောက်တော် ၊ မင်းပြား ၊ မြေပုံ နဲ့ မြောက်ဦးမြိုကနယ်တို့ပါဝင်ပါတယ် ။ ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်စုအနေနဲ့ ကျောက်ဖြူမြို့နယ်မှာ ရပ်ကွက်(၂)ခု ၊ ကျေးရွာအုပ်စု (၅၂)စု ၊ အမ်းမြို့နယ်မှာတော့ ရပ်ကွက်(၃)ခု ၊ ကျေးရွာအုပ်စု (၂၉)စု ၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု (၄)စု နဲ့ တောင်ကုတ်မြို့နယ်က ရပ်ကွက်(၁၀)ခု ၊ ကျေးရွာအုပ်စု (၅၂)စု ပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် (၁၉၇/၂၀၂၀)မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရှမ်းပြည်နယ်က မြို့နယ်တစ်ခုလုံးအနေနဲ့ မိုင်းလား ၊ ပန်ဆန်း(ပန်ခမ်း) ၊ နားဖန်း ၊ မိုင်းမော ၊ ပန်ဝိုင် နဲ့ မိုင်းကိုင်မြို့နယ်တို့ပါဝင်ပါတယ်။ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်စုအနေနဲ့ ကျောက်မဲ (၁၂) ၊ နောင်ချိုမြို့နယ်က ဆိပ်ဖူးကျေးရွာ ၊ နမ့်ဆန် (၃) ၊ မန်တုံ (၂) ၊ မိုင်းခတ် (၄) ၊ မိုင်းယန်းမြို့နယ်က ရပ်ကွက် (၂)ရပ်ကွက်နဲ့ကျေးရွာအုပ်စု (၁၃)စု ၊ မိုင်းဖြတ်မြို့နယ်က လုံကောင့်ကျေးရွာအုပ်စု ၊ မိုင်းယောင်း (၈) ၊ ကွတ်ခိုင် (၄) ၊ မူဆယ်မြို့နယ်က ရပ်ကွက်(၁)ခု နဲ့ ကျေးရွာ (၉)အုပ်စု ၊ မက်မန်း (၁၇) ၊ မိုင်းတုံ (၃) ၊ တန့်ယန်း (၁၁) ၊ လားရှိုး (၆) ၊ ကွမ်းလုံမြို့နယ်က မန်ပြိန်းကျေးရွာအုပ်စု ၊ ကုန်းကြမ်းမြို့နယ်က ဟုံအိုက်ကျေးရွာအုပ်စု ၊ ဟိုပန်မြို့နယ်က ရပ်ကွက် (၅)ခု နဲ့ ကျေးရွာအုပ်စု (၃၇)စုပါဝင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
အဆိုပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ် ၊ မြို့နယ်အလိုက်ကျေးရွာအုပ်စုအမည်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ https://uec.gov.mm/ မှာ အသေးစိတ်ကြည့်ရှုနိုင်ဖို့ ဖော်ပြထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ် ။
Share