တန်ဖိုးနည်း OPPO ဖုန်း

OPPO ရဲ့ နောက်ဆုံးပေါ် တန်ဖိုးနည်း A-series ဖုန်းသစ်ကို အိန္ဒိယဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

OPPO A15 ဟာ ကျောဘက် fingerprint scanner နဲ့ သုံးလုံးတွဲကင်မရာ သုံးထားတဲ့ ဖုန်းဖြစ်ပြီး ရှေ့ display မှာ waterdrop notch ပါရှိပါတယ်။ မျက်နှာပြင် ၆.၅၂ လက်မ LCD display အမျိုးအစား ဖြစ်ပြီး (1600 x 720p) ရုပ်ထွက် ပါရှိပါတယ်။ waterdrop notch ထဲမှာ 5MP selfie ကင်မရာ ထည့်ပေးထားပါတယ်။




Photo: fonearena

ကျောဘက် စတုရန်းပုံစံကင်မရာကွက်ထဲမှာ 13MP primary lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ကင်မရာအိမ်ထဲမှာပဲ LED flash တစ်ခုကို ထည့်သွင်းထားပါတယ်။ processor အနေနဲ့ Helio P35 chipset အမျိုးအစား သုံးထားပြီး RAM 3GB/32GB storage ပါရှိတဲ့အပြင် microSD card ကနေ ဖုန်း storage ကို ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။

OPPO A15 ဟာ Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 နဲ့လာပြီး ဘက်ထရီပါဝါ 4230 mAh သုံးထားပါတယ်။ Dynamic Black နဲ့ Mystery Blue နှစ်ရောင်နဲ့ လာပြီး ရူပီး ၁၀၉၉၀ (မြန်မာငွေ ၁ သိန်း ၉ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က