ဒေါ်လာသန်း ၃၇၀ တန် ပရောဂျက်ထဲက ကန်ထရိုက်ရတာပါ

NASA အာကာသအေဂျင်စီဟာ လမျက်နှာပြင်ပေါ်မှာ 4G TE ဆယ်လူလာကွန်ရက်တစ်ခု တည်ဆောက်ဖို့ Nokia ကို ဒေါ်လာ ၁၄.၁ သန်းရံပုံငွေ ‌ထောက်ပံ့သွားမယ်လို့ ကြေညာပါတယ်။

Nokia ရဲ့ အကူအညီနဲ့ လပေါ်မှာ အာကာသယာဉ်မှူးတွေ တစ်ဦးနဲ့တစ်ဦး ထိရောက်စိတ်ချရတဲ့ ဆက်သွယ်မှု လုပ်သွားဖို့ NASA က စီစဉ်ထားတာပါ။ ဆယ်စုနှစ်အကုန် လကမ္ဘာပေါ်မှာ လုပ်ဆောင်မယ့် Artemis အော်ပရေးရှင်းအတွက် NASA ဟာ အမေရိကန်နည်းပညာကုမ္ပဏီ ၁၄ ခုကို မိတ်ဖက်အဖြစ် ရွေးချယ်ထားပြီး ဒီထဲမှာ စီးပွားရေးလုပ်ငန်းငယ်လေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။



Photo: Yahoo News

ဒေါ်လာ သန်း ၃၇၀ တန် ပရောဂျက်မှာ ငွေအများဆုံးရတဲ့ ကန်ထရိုက်ကို SpaceX (ဒေါ်လာ ၅၃.၂ သန်း) ၊ Lockheed Martin (

ဒေါ်လာ ၈၉.၇ သန်း) နဲ့ United Launch Alliance (ဒေါ်လာ ၈၆. ၂သန်း ) တို့က ရရှိသွားတာ ဖြစ်ပါတယ်။ လကမ္ဘာပေါ်က United Press International ဆယ်လူလာဝန်ဆောင်မှုဟာ လပေါ်နေထိုင်သူတွေနဲ့ လမျက်နှာပြင်ကို လေ့လာစူးစမ်းမှုလုပ်နေတဲ့ အာကာသယာဉ်မှူးတွေအကြား ဆက်သွယ်မှုလုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ NASA လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဂျိမ်းစ်ရိုက်တာက Engadget ကို ပြောပါတယ်။

"NASA ရံပုံငွေနဲ့အတူ Nokia ဟာ မြေပြင်ဆက်သွယ်ရေးနည်းပညာကို စိတ်ချရပြီး မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်ကို လကမ္ဘာပတ်ဝန်းကျင်မှာ ပေးနိုင်ဖို့ ဘယ်လိုမျိုး ပြုပြင်စီမံလို့ရနိုင်မလဲဆိုတာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။" လို့လည်း သူကဆိုပါတယ်။

Photo: androidpolice


Nokia ဟာ ၂၀၁၈ ခုနှစ်ကလည်း ဂျာမန်အာကာသလုပ်ငန်း PTScientists နဲ့ ယူကေတယ်လီကွန်းအော်ပရေတာ Vodafone တို့နဲ့ ပေါင်းပြီး Apollo 17 ဆင်းသက်ရာနေရာ ပြန်ရောက်မယ့် မစ်ရှင်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီပရောဂျက်မှာတော့ Nokia နဲ့ Vodafone တို့ဟာ လကမ္ဘာအခြေစိုက် LTE ကွန်ရက်တစ်ခု တည်ဆောက်ပြီး လနဲ့ ကမ္ဘာအကြား HD ဗွီဒီယိုတွေ ပေးပို့ဖို့ လုပ်ခဲ့တာပါ။

ဒီမစ်ရှင်ကတော့ လက်တွေ့အကောင်အထည် ပေါ်ပေါက်မလာခဲ့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က