နိုင်ငံတကာက တင်သွင်းလာတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေရဲ့ Original Quality အတိုင်း SKD ကားတွေကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်တာကြောင့် International တန်းဝင် ကားတွေအဖြစ် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ကားသစ်တွေ တင်သွင်းတဲ့ အခါမှာ SKD နှင့် CBU ဆိုပြီး (၂)မျိုးၡိပါတယ်။ SKD ဆိုတာကတော့ Semi Knocked Down ရဲ့ အတိုကောက်စကားဖြစ်ပြီး Automobile လောကနဲ့ ရင်းနှီးသူတွေတော်တော်များများက သိပြီးသားဖြစ်ပါတယ်။ SKD ဆိုတာ နိုင်ငံခြား တွင် ထုတ်လုပ်ထားသော ကားအစိတ်အပိုင်းများကို တင်သွင်းလာပြီး ပြည်တွင်းရှိ အရည်အသွေးပြည့်မီသော စက်ရုံများတွင် ကားမျိုးတွေကို ပြောတာဖြစ်ပါတယ်။ ကားအစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ နိုင်ငံမှာပဲ ကားရုပ်လုံးပေါ်အောင် တပ်ဆင်ပြီး မြန်မာနိုင်ငံထဲကို တင်ပို့တဲ့ ကားတွေကိုတော့ CBU လို့ခေါ်ဝေါ်ပါတယ်။SKD ကားတွေရဲ့ အားသာချက်ကတော့ CBU ကားအမျိုးအစားတွေထက် စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တာပါ။                    

Ford Myanmar အနေနဲ့လည်း ပင်ရင်း စက်ရုံကနေထုတ်လုပ်ထားတဲ့ ကားအစိတ်အပိုင်းတွေကို တင်သွင်းလာပြီး မြန်မာနိုင်ငံရှိ CML(Capital Motor Limited) စက်ရုံမှာ SKD ကားတွေကို အရည်အသွေးပြည့်မီပြီး စိတ်ချယုံကြည်ရတဲ့ ကမ္ဘာအဆင့်မီ စနစ်မျိုးတွေနဲ့ တပ်ဆင်ထုတ်လုပ်လျက်ရှိပါတယ်။ Ford ကားတွေကို တာဝန်ယူ တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ CML စက်ရုံကိုတော့ ၂၀၁၇ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ၃နှစ်ကျော်လာခဲ့ပြီး ကားအစီး အရေအတွက် ၃၀၀၀ ကျော်အထိ တပ်ဆင် ထုတ်လုပ်ရောင်းချလျက်ရှိ ပါတယ်။ နိုင်ငံတကာက တင်သွင်းလာတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေရဲ့ Original Quality အတိုင်း SKD ကားတွေကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်တာကြောင့် International တန်းဝင် ကားတွေအဖြစ် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။

SKD ကားတွေကို ဝယ်ယူမယ်ဆိုရင်တော့ အထူးကုန်စည်ခွန် နဲ့ ကုန်သွယ်ခွန်တို့ကိုသာ ပေးဆောင်ရပြီး အကောက်ခွန် နဲ့ ကညနခွန်တွေ ကင်းလွတ်တယ်လို့လည်း သိရပါတယ်။နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ကတော့ နိုင်ငံတော်က လစာပေးကတည်းက အခွန်ဆောင်ပြီး ဖြစ်တဲ့အတွက်ကြောင့် ငွေဖြူလို့ သတ်မှတ်ပြီး ဝန်ထမ်းပါမစ် မရှိဘူးဆိုရင်တောင်မှ ဝင်ငွေခွန် ကင်းလွတ်တယ်လို့လည်း သိရပါတယ်။

Ford က SKD ကားအဖြစ် တပ်ဆင်ထုတ်လုပ်ပြီး စျေးကွက်ထဲမှာ ရောင်းချတဲ့ ကားအမျိုးအစားတ (၈)မျိုးရှိတယ်လို့သိရပါတယ်။  SKDဘာကားအမျိုးအစားတွေလဲဆိုတော့ -

Ranger

Double Cab XL 2.2

Double Cab XLT 2.2

Double Cab XLT 3.2

Double Cab Wildtrak

Everest

Everest Ambiente 2.2

Everest Trend 2.2

Everest Trend 3.2

Everest Titanium 3.2

အထက်မှာ ဖော်ပြသွားတာတွေကတော့ Ford ရဲ့ SKD ကားတွေဖြစ်တဲ့ Ranger နဲ့ Everest ကားအမျိုးအစားတွေပဲဖြစ်ပါတယ်။

Ford အနေနဲ့ ကားအစိတ်အပိုင်းတွေကို CML မှာတပ်ဆင်ပြီး စျေးကွက်ထဲမှာ ရောင်းချဖို့နဲ့ လုံခြုံစိတ်ချရမှု ရှိ၊ မရှိကိုလည်း ကျွမ်းကျင် သူတွေက အဆင့်ဆင့် အရည်အသွေးစစ်ဆေးတာတွေ ပြုလုပ်ပြီးမှ စျေးကွက်ထဲကို တင်သွင်းတယ်လို့ သိရပါတယ်။ မိဘပြည်သူတွေအတွက် American Top Brand တစ်ခုဖြစ်တဲ့ Ford ရဲ့ အသစ်စက်စက်ကားတွေကို စိတ်ကြိုက်အရောင် ရွေးချယ်ပြီး စျေးနှုန်းအသက်သာဆုံးနဲ့ အရည်အသွေးယုံကြည်စိတ်ချစွာဝယ်ယူ စီးနင်းနိုင်မည့် SKD ကားတွေဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Share

Loading Next Article...
က္က