ကျွန်တော်တို့ဘဝ၏ အရေးကြီးဆုံး အရာတွေကို အမြော်အမြင်ရှိစွာ ကာကွယ်နိုင်အောင် စတင်ကြိုးစားသင်ယူရန် လိုအပ်လာပါသည်။ အရေးကြီးသောအရာတွေလို့ဆိုရာမှာ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် အနာဂတ်အတွက် ကာကွယ်မှုရှိသည့် မှန်ကန်သော အသက်အာမခံကို ဝယ်ယူခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။

ဘဝမှာ မည်သည့်အရာကိုမှ ကြိုတင်မှန်းဆထားလို့ မရသည်ကို ဒီ ၂၀၂၀ ခုနှစ်တွင် ဖြစ်ပေါ်လာတဲ့ အခြေအနေများ ကြောင့် ကျွန်တော်တို့အားလုံး သိရှိခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဘဝ၏ အရေးကြီးဆုံး အရာတွေကို အမြော်အမြင်ရှိစွာ ကာကွယ်နိုင်အောင် စတင်ကြိုးစားသင်ယူရန် လိုအပ်လာပါသည်။ အရေးကြီးသောအရာတွေလို့ဆိုရာမှာ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် အနာဂတ်အတွက် ကာကွယ်မှုရှိသည့် မှန်ကန်သော အသက်အာမခံကို ဝယ်ယူခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော အရေးကြီးသောအရာတွေ မလုပ်ဆောင်မီ ကျွန်တော်၏ ဆုံးဖြတ်ချက်များအတွက် အသိပညာပြည့်ဝနေရန်လိုအပ်ပါသည်။ 

Dai-ichi Life Insurance Myanmar မှ  အာမခံနှင့်ပတ်သက်သည့် အချက်များ သာမက  စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုပါ အွန်လိုင်းမှ လေ့လာဖတ်ရှုနိုင်မည့်  語る(KATARU) အမည်ရ မိုက်ခရိုဆိုဒ် (Microsite) တစ်ခုကို မကြာသေးခင်က မိတ်ဆက်လိုက်ပါသည်။  語る(KATARU) သည် စီးပွားရေးလုပ်ဆောင်ချက်များတွင် အသုံးပြုသည့် ဂျပန် ဝေါဟာရတစ်ခုဖြစ်ကာ လေးနက်ပြီး မိမိယုံကြည်သော အချက်ကို သေချာနက်ရှိုင်းစွာ ဆွေးနွေးပြောဆိုခြင်းလို့ အဓိပ္ပါယ်ရပါသည်။

Dai-ichi Life Insurance Myanmar ၏ ခံယူချက် ဖြစ်သည့် ‘People First’ နှင့်အညီ စီးပွားရေးလုပ်ငန်းဦးဆောင်မှု၊ အာမခံလုပ်ငန်းကဏ္ဍဆိုင်ရာ ထင်မြင်သုံးသပ်ချက်များ နှင့် အသက်အာမခံ မဝယ်ယူမီ ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာ၊ အကြံပြုချက်များကို ထိုမိုက်ခရိုဆိုဒ် (Microsite) တွင် ဖော်ပြသွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ 

အဆိုပါ မိုက်ခရိုဆိုဒ် (Microsite) သည် မြန်မာနိုင်ငံနှင့် ကျွန်တော်တို့၏ အာမခံလုပ်ငန်းကဏ္ဍအတွက် ပထမဆုံးဖြစ်ပြီး ပြည်တွင်းရှိ လူ့အဖွဲ့အစည်း၊ လုပ်ငန်းရှင်ဖြစ်လိုသူများ၊ အာမခံကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် မန်နေဂျာများအတွက် အကျိုးရှိစေမည့် စီးပွားရေးနှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ ထင်မြင်သုံးသပ်ချက်များကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါသည်။ 

မိုက်ခရိုဆိုဒ် (Microsite) တွင် ဖော်ပြထားသည့် ဆောင်းပါတစ်ခုချင်းစီကို အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ အရောင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့ကို ဒေသတစ်ဝန်းတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော ဝါရင့်အတွေ့အကြုံများရှိသူ Dai-ichi Life Insurance Myanmar ၏ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ ရေးသားထားခြင်းဖြစ်ပါသည်။ 

အာမခံကိုယ်စားလှယ်တစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊ COVID-19 နှင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍအခြေအနေ ဒါ့အပြင် လူတိုင်းပါဝင်လုပ်ဆောင်နိုင်သော လုပ်ငန်းခွင်၏ အရေးပါပုံ အစရှိသည့် အကြောင်းအရာများဖြင့် ဖတ်ရှုသူတိုင်းကိုလည်း အကျိုးရှိစေမှာ ဖြစ်ပါသည်။

အဆိုပါ語る(KATARU) မိုက်ခရိုဆိုဒ် (Microsite) မှ ဆောင်းပါးများကို https://kataru.dai-ichi-life.com.mm/တွင်ဝင်ရောက်ဖတ်ရှုနိုင်ပြီး လူတိုင်းဖတ်ရှုလို့ အဆင်ပြေစေရန် အင်္ဂလိပ်၊ မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရေးသားဖော်ပြထား ပါသည်။



Share

Loading Next Article...
က္က