ဖောက်သည်ပေါင်း ၄ သိန်းကျော်ရဲ့ အချက်အလက်ပေါက်ကြားမှု ဖြစ်ပွားခဲ့တဲ့ British Airways လေကြောင်းလိုင်းကို သတင်းအချက်အလက်ကော်မရှင်နာရုံး ICO မှ ပေါင်သန်း ၂၀ (ဒေါ်လာ ၂၆ သန်း) ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီအချက်အလက်ပေါက်ကြားမှုမှာ ကိုယ်ရေးကိုယ်တာနဲ့ Credit Card အချက်အလက်တွေ ပါဝင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ICO ဟာ British Airways ကို ပေါင် ၁၈၃ သန်းအထိ ဒဏ်ရိုက်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ COVID-19 ရဲ့ စီးပွားရေးသက်ရောက်မှုကို ထည့်တွက်ပြီး ဒဏ်ကြေးကို လျှော့ရိုက်လိုက်တာ ဖြစ်တယ်လို့ ICO က ဆိုပါတယ်။
Photo: Tech Crunch
ဒဏ်ကြေးလျှော့ရိုက်လိုက်ပေမယ့် ဒီပမာဏဟာ ဒီနေ့အထိ ICO ရဲ့ အကြီးဆုံး ဒဏ်ရိုက်မှုတစ်ခု ဖြစ်တယ်လို့လည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ အချက်အလက် တိုက်ခိုက်မှုအတွင်း British Airways ရဲ့စနစ်တွေကို ဟက်ကာများ ထိန်းချုပ်လိုက်ပြီးနောက် ထည့်သွင်းလိုက်တဲ့ ဖောက်သည်အချက်အလက်တွေကို ရယူဖို့ ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးယိုပေါက်ဖြစ်ပွားမှုကို British Airways အနေနဲ့ နှစ်လကြာပြီးမှ လုံခြုံရေးသုတေသီတစ်ယောက် သတိထားမိရာကနေ ICO ကို အကြောင်းကြားခဲ့တာပါ။ အခိုးခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ Log in ဝင်တဲ့ အချက်အလက်များ ၊ ငွေပေးချေမှုများ ၊ ခရီးသွားဘွတ်ကင်တင်မှုများ ၊ နာမည်နဲ့ လိပ်စာအချက်အလက်အားလုံး ပါဝင်နေပါတယ်။
Photo: thehackernews
နောက်ဆက်တွဲ စုံစမ်းမှုတွေအရ Multi-Factor Authentication တို့လို ဘက်စုံလုံခြုံရေး ကာထားမှုမျိုးကို အဲ့ဒီအချိန်က လုပ်ဆောင်မှု မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန် British Airways သုံးနေတဲ့ Microsoft OS မှာ ဒီလို security meatures ထဲက တစ်ချို့ ရယူနိုင်တယ်လို့လည်း ICO က မှတ်ချက်ချခဲ့ပါတယ်။
British Airways အနေနဲ့ အခင်းဖြစ်ရပ်ကို သိသိချင်း ဖောက်သည်တွေကို ကုမ္ပဏီရဲ့ Systems တွေ တိုက်ခိုက်ခံရကြောင်း အသိပေးအကြေင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိစီးပွားရေးအခြေအနေအရ ပေါင် သန်း ၂၀ ဒဏ်ကြေးဟာ အလွန်များပြားနေတယ်လို့လည်း အချက်အလက်ကာကွယ်ရေးအရာရှိ ကားလ်ဂေါ့လိယက်က ပြောပါတယ်။