ဒီနေ့ အောက်တိုဘာ (၁၇) ရက် ညပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျယ်ပြီး ပါတီကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာ (၁၇) ရက် ညပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ) ၊ (ဂ)၊ (စ) တို့ပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းကြောင်း တွေ့ရတဲ့အတွက် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့တာပါ။




Photo- UEC

ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အောက်တိုဘာ (၁၅) ရက်က ကျင်းပခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နှင်းဆီပါတီဥက္ကဌရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်း (၅၉) ခုကိုစစ်ဆေးခဲ့ရာမှာ တရုတ်နိုင်ငံကတဆင့် တရားမဝင်လွှဲပြောင်းရယူထားတဲ့ ငွေကြေးတွေပါဝင်နေတာကိုစုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။

အဲဒီနောက် တရားမဝင်ငွေကြေးတွေကို ပါတီလုပ်ငန်းတွေအတွက်လည်း သုံးစွဲထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားတင်ပြသွားမယ်လို့ ပြောဆိုပြီးတဲ့နောက် ကော်မရှင်က ပါတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီနေ့မှာ ကြေညာခဲ့တာပါ။ လက်ရှိမှာတော့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ထောင်ပြေးမှုနဲ့ လက်ရှိမှာ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

စုံစမ်းဖော်ထုတ်ထားတဲ့အချက်အလက်တွေအရ ဦးကျော်မြင့်ဟာ တရားမဝင်ငွေကြေးလွှဲပြောင်း လက်ခံရရှိထားတဲ့အတွက် (၂၀၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး ပုဒ်မ (၄၃) အရ ထောင်ဒဏ် (၁၀) နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က