ကျေးရွာအုပ်စုပေါင်း ရာဂဏန်းကျော်နဲ့ ရပ်ကွက်တချို့အပါအဝင် မြို့နယ်တွေကိုပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းထဲကမြို့နယ်နှစ်ခုကကျေးရွာအုပ်စု ၄၀ကျော်ကိုရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နေရာအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ရက်နေ့ မှာ သတင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ရွေးကောက်ပွဲမကျင်းပတော့တဲ့ ကျေးရွာအုပ်စု ၄၀ကျော်ဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကတည်းက ကျင်းပနိင်ခြင်းမရှိခဲ့တဲ့နေရာတွေသာဖြစ်လို့ ဝင်ရောက်အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတွေအတွက် ထိခိုက်မှုမရှိနိုင်ဘူးလို့ ပဲခူးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသက်နောင်ကပြောပါတယ်။



"၂၀၁၅ တုန်းကလဲ အဲ့ဒီနေရာတွေပဲ၊ လူဦးရေစာရင်းကောက်လို့မရတာ၊ အစိုးရအာဏာစက်မရောက်တာ ၊ နောက်တစ်ခုက ရွာပုန်းတွေလည်းဖြစ်နေတယ်။ မဲစာရင်းကောက်ဖို့လည်းအဆင်မပြေဘူး။ ပါတီစည်းရုံးရေးဆင်းဖို့လည်း အဆင်မပြေဘူး ဒုတိယံမ္ပိ ပိတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ကအဲ့ဒီနေရာတွေမှာ စာရင်းတွေကိုမကောက်ဘူး။ အစောကြီးထဲကလည်း အဲ့ဒီနေရာတွေက ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတော့ ကော်မရှင်တာဝန်ရှိသူတွေကိုလည်း ခန့်ထားနိုင်ခြင်းမရှိဘူး။ အဲ့ဒီဘက်က ကစာရင်းဇယားတွေ ၊ ညှိနိုင်းမှုလည်း အစိုးရအဖွဲ့ကိုတင်ထားတာမရှိဘူး။နည်းနည်းအခက်အခဲရှိတာပေါ့။"လို့ ဦးမင်းသက်နောင်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့မြို့နယ်တွေက ပဲခူးခရိုင်ရှိ ေ ရွှကျင်မြို့နယ်မှ ကျေးရွာ အုပ်စု ၃၀ နဲ့ တောင်ငူခရိုင်ရှိ ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စုဖြစ်ပါတယ်။ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာတော့ ဝင်ရောက်အယှဉ်ပြိုင်မယ့်ပါတီ ၇ ခုရှိပြီး အရွေးခံမယ့် ကိုယ်စားလှယ်လောင်းက ၂၆ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စာရင်းအရသိရပါတယ်။

"ရွှေကျင်နဲ့ကျောက်ကြီးကိစ္စ ၂၀၁၅ တုန်းက ရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေပါ။ ဒီနေရာတွေကို မဲဆွယ်စည်းရုံးရေး သွားဖို့အဆင်မပြေဘူး။ မဲရုံဖွင့်ဖို့အဆင်မပြေဘူး၂၀၁၅ ကပေါ့။ ဒါကြောင့် ဒီနှစ်မှာ ရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ အဲ့အတွက် ထူးခြားတဲ့သက်ရောက်မှုတော့သိပ်မရှိပါဘူး။"လို့ UBP ပြည်ထောင်စုအကျိုးဆောင်ပါတီရဲ့ အတွင်းရေးမှူး ဦးကိုကိုနိုင်ကပြောပါတယ်။ 

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်၊ ကချင်ပြည်နယ် ၊ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ပဲခူးတိုင်းဒေသကြီးမှ ကျေးရွာအုပ်စုပေါင်း ရာဂဏန်းကျော်နဲ့ ရပ်ကွက်တချို့အပါအဝင် မြို့နယ်တွေ ကိုပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က