ရောက်ရှိနေတဲ့ မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်၁၉ရောဂါ ဖြစ်ပွားမှုနဲ့စပ်လျဉ်းတဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် မိမိမဲဆန္ဒနယ်ကို ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်တဲ့သူတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာလ ၂၅ရက် နောက်ဆုံးထားပြီး ရောက်ရှိနေတဲ့ မြို့နယ်မှာ လျှောက်ထားဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ရောဂါအခြေအနေကြောင့် ဒေသန္တရကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များ ၊ နယ်မြေဒေသအခြေအနေ ၊ လမ်းပန်းဆက်သွယ်မှု နဲ့ ခရီးအကွာအဝေး အစရှိတဲ့ အခြေအနေတွေအရ ကြိုတင်မဲလက်မှတ်စာအိတ်တွေ ပေးပို့ခြင်းအတွက် ခန့်မှန်း(၇)ရက် ၊ မဲပေးပြီးကြိုတင်မဲစာအိတ်များ ပြန်လည်ပေးပို့ခြင်းအတွက် ခန့်မှန်း(၇)ရက်ကြာနိုင်တဲ့အတွက် ပယ်မဲမဖြစ်စေဖို့ ရွေးကောက်ပွဲနေ့ ညနေ(၄)နာရီမတိုင်မီ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီ အချိန်မီရောက်ရှိနိုင်ဖို့လိုအပ်တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။



ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆန္ဒရှင်တွေရဲ့ လျှောက်ထားလာတဲ့ ပုံစံ(၁၅)တွေကို လက်ခံရရှိတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီကို email ၊ Fax တို့နဲ့ ပေးပို့ပြီး မဲစာရင်းပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးပြီးတဲ့နောက် ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်တွေကို မဲဆန္ဒရှင်ရဲ့ မဲစာရင်းပါဝင်ရာအရပ်ဒေသကနေ လက်ရှိရောက်ရှိနေတဲ့ အရပ်ကို ပေးပို့ခြင်း၊ မဲပေးပြီး ကြိုတင်လက်မှတ်ကို မဲစာရင်းပါ အရပ်ဒေသကို ပြန်လည်ပေးပို့ခြင်းတွေကို ချောစာပို့ လမ်းကြောင်းနဲ့ပဲ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအနေနဲ့လည်းမိမိတို့မြို့နယ်ကနေ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲအဖြစ် မဲပေးဖို့ လျှောက်ထားလာသူတွေရဲ့ ကြိုတင်မဲလက်မှတ်ပါ စာအိတ်တွေကို လျှောက်ထားသူရဲ့ ရောက်ရှိနေတဲ့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကို နိုဝင်ဘာလ ၁ရက် နောက်ဆုံးထားပြီး ပြန်လည်ပေးဖို့ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကိုဗစ်၁၉ရောဂါ ဖြစ်ပွားမှုနဲ့စပ်လျဉ်းတဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် မိမိမဲဆန္ဒနယ်ကို ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်တဲ့သူတွေအနေနဲ့ ရောက်ရှိနေတဲ့အရပ်ဒေသရဲ့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဆီမှာ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ(၁၅)ရယူလျှောက်ထားနိုင်ကြောင်းနဲ့ အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ပေးသွားမယ့်အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ရက်က အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က