နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူကိုတော့ အောက်တိုဘာ(၂၁) ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
Photo ; ကျော်််သူ
ပရဟိတအလုပ်တွေ ထမ်းဆောင်နေတဲ့ သရုပ်ဆောင် ဦးကျော်သူကတော့ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမှု ပြုလုပ်ရတော့မယ်လို့ သိရပါတယ်။ နာရေးကူညီမှု အသင်းရဲ့ ပြန်ကြားရေး ရုံးအဖွဲ့က ဝန်ထမ်းတစ်ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တာကြောင့် ဦးကျော်သူကိုယ်တိုင်လည်း ရောဂါပိုး ရှိမရှိ swab ယူကာ စစ်ဆေးမှု လုပ်ရတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော်က ၂၁ရက်နေ့ swab ယူမှာပါ။ အခု အိမ်မှာပဲဘာမှမဖြစ်ပါဘူး။ အသင်းသားတွေနဲ့ ကျွန်တော်ကလည်း အပြင်မှာမတွေ့ဖြစ်ဘူးလေ လိုင်းပေါ်မှာပဲတွေ့တာ အသင်းသားတွေက ကန့်ဝင်နေတာ” လို့ ဦးကျော်သူက Duwun ကို ပြောပါတယ်။
ဦးကျော်သူကတော့ Covid ကာလမှာ နာရေးကူညီမှုအသင်း နဲ့ အတူ ပရဟိတအလုပ်တွေကို နေ့မနား၊ ညမအား လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။ ကိုဗစ်ကူးစက်နိုင်တဲ့ရောဂါအခံတွေရှိနေပေမယ့်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ကာကွယ်ကာ အများအတွက် ပရဟိတအလုပ်တွေ လုပ်ဆောင်မြဲ လုပ်ဆောင်နေဆဲ တွေ့ရပါတယ်။
Photo ; ကျော်််သူ
နှလုံးခွဲစိတ်မှု ခံယူထားရပြီး ဆီးချိုရောဂါအခံလည်းရှိတဲ့ ဦးကျော်သူအတွက် ပရိသတ်တွေကလည်း စိုးရိမ်နေပါတယ်။ အောက်တိုဘာ(၂၁) ရက်နေ့မှာ swab ယူကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမယ့် ဦးကျော်သူအတွက် ပရိသတ်တွေကလည်း negative ဖြစ်ပါစေဆိုပြီး ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။
အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ နာရေးကူညီမှု အသင်းသားတစ်ယောက်မှာ ကိုဗစ်ပိုး တွေ့တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ့ခဲ့တာ ဖြစ်ပြီး တကယ်တမ်းမှာတော့ မြေပြင်မှာ သွားနေတဲ့ အသင်းသားတွေမှာ ကိုဗစ်တွေ့တာမဟုတ်ဘဲ ရုံးပိုင်း တာဝန်ယူထားတဲ့ ဝန်ထမ်းမှာကိုဗစ်တွေ့ခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။
ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။နာရေးကူ