သံဃာတော်(၁၆)ပါးနဲ့ သီလရှင် (၂)ပါး ပျံလွန်တော်မူခဲ့တာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့ သံဃာတော်နှင့် သီလရှင် အပါး (၁၀၀၀)ကျော်ထဲကမှ ပျံလွန်တော်မူခဲ့တဲ့ သံဃာနဲ့ သီလရှင် (၁၈) ပါးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ 

photo- Zaw Myo Thein



ကိုဗစ်ကူးစက်ခံထားရတဲ့ သံဃာတော်(၁၀၅၇)ပါးနဲ့ သီလရှင် (၁၆၉)ပါးရှိတဲ့အထဲကမှ သံဃာ(၁၆)ပါးနှင့် သီလရှင် (၂) ပါး စုစုပေါင်း (၁၈) ပါး ပျံလွန်တော်မူခဲ့တာပါ။

“ ကူးစက်ခံရတဲ့ သံဃာ၊သီလရှင် အပါး (၁၀၀၀) ကျော်ထဲက ရောဂါပြန်လည်ပျောက်ကင်းလို့ ဆေးရုံဆင်းလာတဲ့ သံဃာ၊သီလရှင်တွေလည်း အများကြီးရှိပါတယ်။ ပျံလွန်တော်မူသွားတာကတော့ သံဃာ (၁၆)ပါး ၊သီလရှင် (၂)ပါး အားလုံး (၁၈)ပါးရှိတယ်”လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Duwun ကို ပြောပါတယ်။

ကိုဗစ်ကြောင့် ပျံလွန်တော်မူသွားတဲ့ သံဃာ၊သီလရှင်အများစုက ရန်ကုန်တိုင်းဒေသကြီးမှာ တည်ရှိတဲ့ ကျောင်းတိုက်တွေဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကျောင်းတိုက်တွေထဲမှာလည်း အင်းစိန်မြို့နယ်အတွင်းက သံဃာကျောင်းတိုက်တစ်တိုက် ၊ သီလရှင်ကျောင်းတိုက်တစ်တိုက်တို့က တစ်ကျောင်းလုံးကူးစက်ခံရသလို ပန်းဘဲတန်းမြို့နယ်က မဟာသိမ်တော်ကြီး ကျောင်းတိုက်တို့ကလည်း ကျောင်းလုံးကျွတ်နီးပါးကူးစက်ခံခဲ့ရတာပါ။

လက်ရှိမှာ အဆိုပါကျောင်းတိုက်တွေက သံဃာတော်၊သီလရှင်အများစုကလည်း ရောဂါပျောက်ကင်းလို့ ကုသရေးစင်တာတွေကနေ ပြန်လည်ဆင်းခွင့်ရရှိထားပြီဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ သံဃာတော်၊ သီလရှင်တွေထဲမှာ ရန်ကုန်တိုင်းကအများဆုံးဖြစ်သလို သေဆုံးမှုကလည်း အများဆုံးပါဝင်နေတာပါ။

လက်ရှိမှာလည်း ပိုးတွေ့သံဃာတော်တွေကို ကုသမှုပေးဖို့အတွက် ဗဟန်းမြို့နယ်ရှိ အဘိဓမ္မ ရတနာဃရဗိမ္မာန်တော်ကြီးကို ကုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ်ပြင်ဆင်ထားရှိကာ ကုသမှုတွေဆောင်ရွက်ပေးနေပါတယ်။ဒါ့အပြင် ကမ္ဘာ့အေးသံဃာဆေးရုံကြီးကို ကာသရေးစင်တာအဖြစ် ထားရှိကုသပေးဖို့အတွက်ကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က