၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ရပြီး ပြန်လည်ဖွင့်လှစ်တဲ့အခါမှာတော့ အသက် (၆)နှစ်ပြည့်ပြီးသား ကလေးတွေအနေနဲ့ သူငယ်တန်း (KG) တက်ရန်မလိုဘဲ ပထမတန်း (Grade 1) ကို တန်းပြီး တက်ရောက်ပညာသင်ကြားရမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိပညာသင်နှစ်မှာ KG တန်း စတက်ရမယ့် သူတွေအနေနဲ့ ကျောင်းပြန်ဖွင့်တဲ့အခါမှာ တစ်နှစ်အောက်ရတာမျိုးမဖြစ်အောင် အခုလို Grade1တစ်ခါတည်း တန်းပြီးတက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကို ပြောပါတယ်။
“ အခုလတ်တလော အခြေအနေအရ ဒီနှစ်မှာ သူငယ်တန်း KG မတက်လိုက်ရတဲ့ကလေးတွေ အတွက် စာသင်နှစ်ပြီးလို့တောင် ကျောင်းတွေပြန်မဖွင့်နိုင်လို့ နောက်နှစ်မှဖွင့်ရရင် Grade1ကို တန်းရောက်ခွင့်ပြုမှာပေါ့နော်။ တကယ်လို့ စာသင်ကျောင်းတွေအနေနဲ့ ဒီနှစ်စာသင်နှစ်အမီ ပြန်ဖွင့်နိုင်ရင်နေတော့ သူ့သင်ရိုးညွှန်းတမ်းအတိုင်းပဲ KG ကနေ စတက်ပြီး သင်ကြားရမှာ”လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။
နိုင်ငံတွင်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ယခုနှစ်စာသင်နှစ်မှာ အခြေခံပညာကျောင်းတွေဖွင့်လှစ်တဲ့ရက် နောက်ကျခဲ့သလို အထက်တန်းအဆင့်တွေဖွင့်လှစ်ပြီး တစ်လကျော်အကြာမှာပဲ ပြန်လည်ပိတ်ခဲ့ရတာ ယနေ့ထိပါ။ မူလတန်းနဲ့ အလယ်တန်းတွေကိုတော့ တစ်နှစ်ပတ်လုံး ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခြေခံပညာ ကျောင်းပေါင်း (၄)သောင်းကျော်ရှိပြီး တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်းက (၉)သန်းကျေ ာ်ရှိပါတယ်။ ယခု စာသင်နှစ်အမီသာကျောင်းတွေဖွင့်လှစ်နိုင်ခဲ့ရင်တော့ သင်ရိုးညွှန်တမ်းအမီသင်ကြားနိုင်အောင် ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။