မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေကစပြီး ယာယီပိတ်ထားမှာဖြစ်တယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ပြောပါတယ်။
ဒါကြောင့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ကနေ ကုန်သွယ်မှု ကို အောက်တိုဘာလ ၂၅ ရက်နေ့အထိ ယာယီကန့်သတ်ထားမှာဖြစ်ပြီး အခုလိုလုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
."မဲဆောက်ဘက်အခြမ်းမှာ သူတို့ကနယ်စပ်တလျှောက်ကို တင်းကြပ်စွာပြန်ပိတ်မယ် ။ တံတားကပိတ်တာလွယ်တယ်။ဖွင့်တာခက်တယ် ။ ဖွင့်ဖို့ကျတော့ ခွင့်ပြုချက်ပြန်ယူရတာကြာတာကိုး။ ပိတ်တာမြန်တယ် ။
ဓာတ်ပုံ - Win Zaw
ဒီနေ့ညနေ ၅ နာရီလောက်စပိတ်မယ် ။ သူတို့ဆီကကျန်းမာရေးဝန်ကြီးလာစစ်မယ်။ နယ်စပ်တွေပိတ်ဖို့နဲ့ တံတားပိတ်ဖို့အတွက် ခရိုင်မှူးတွေနဲ့ညှိနှိုင်းဖို့တောင်းဆိုထားတယ်"လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်ကပြောပါတယ်။
မဲဆောက်မြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၅ ဦးအထိ ရှိလာနေပြီဖြစ်တာကြောင့် ထိုင်းကျန်းမာရေးဌာနက ကိုဗစ်ကူးဆက်မှုကိုထိန်းချုပ်နိုင် ဖို့အတွက် ကိုဗစ်တွေ့ရှိသူတွေရဲ့ အိမ်အနီးက စာသင်ကျောင်း ၅ ခု ဘုန်းတော်ကြီးကျောင်း၊ ဗလီကျောင်း ယာယီပိတ်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနယ်စပ်ဂိတ်တွေကို လုံခြုံရေးတင်းကြပ်မှူ ပြုလုပ်နေတာဖြစ်သလို မြန်မာထိုင်းကုန်သွယ်ရေမှာ အသုံးပြုတဲ့ မြန်မာထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ကို ပိတ်မှာဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှတာဝန်ရှိ သူတွေက ပြည်နယ် အစိုးရအဖွဲ့ကမှတစ်ဆင့် ပြည်ထောင်စုအစိုးရဆီ ဆက်လက်အစီရင်ခံတင်ပြထားပြီးဖြစ်တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံတာ့ခ်ခရိုင်ဘက်မှပုံမှန်ကုန်သွယ်မှုပြန်လည်ဆောင်ရွက်လိုကြောင်းအဆိုပြုလာပါကလည်းအဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူဆောင် ရွက်မှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားယာယီပိတ်ရေးအတွက် မနေ့က အောက်တိုဘာလ ၁၇ ရက်နေ့က မဲဆောက်ဘက်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share