ဇဏ်ခီကတော့ ဇနီးဖြစ်သူ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးကို တစ်ချိန်က မွေးနေ့အမှတ်တရလေးတွေအကြောင်း ပြန်ပြောရင်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။
Photo: Zen Kyi
ပရိသတ်အားကျရလောက်တဲ့ ဆယ်လီစုံတွဲတွေထဲမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးမှာ ဇဏ်ခီက အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါသေးတယ်။
" ကျွန်တော်တို့ကြိုက်တော့မလိုလို၊ အီစီကလီ ဟိုလိုလို၊ ဒီလိုလို ဈေးဘန်းခင်းနေတဲ့ကာလတုန်းကပေါ့လေ။ စိတ်ဝင်စားသူတွေလည်းအများအပြားကြားမှာ မသေမချာမရေမရာဖြစ်နေတုန်းကာလ.. ကျွန်တော် ဇဏ်ခီရဲ့အကွက်တကွက်.. ကျွန်တော့်မွေးနေ့မှာသူ့ဆီကိုသွားပြီး သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်။ သူကြောင်သွားပြီး..Chris - “ဟမ် ဒါကဘာအတွက်လဲ” ၊ ကျွန်တော် - “မွေးနေ့လက်ဆောင်ပါ” ၊ Chris - “Chris မွေးနေ့ကလိုသေးတယ်” ကျွန်တော် - “ ကျွန်တော် သိပါတယ်.. ဒီနေ့က ကျွန်တော့်မွေးနေ့လေ..” ဆိုတော့သူကြောင်ကြည့်နေတယ်။ သူ အူကြောင်ကြောင်နဲ့မွေးနေ့လက်ဆောင်ကိုယူလိုက်တယ်” ဆိုပြီးတော့ အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Zen Kyi
အဲဒီတုန်းကတော့ ဇဏ်ခီက ချစ်ဇနီးလေး ခရစ္စတီးနားခီရဲ့ စိတ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်တဲ့။ အခုချိန်မှာတော့ သူဟာ မွေးနေ့မှာ စိတ်ကောက်နေတဲ့ ဇနီးချောလေးကို စိတ်မဆိုးကောင်းဘူးလို့လည်း စနောက်ခဲ့ပြန်ပါသေးတယ်။
Photo: Zen Kyi
အခုချိန်မှာတော့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၁၄) နှစ်တာကာလကို ကျော်လွန်လာခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး နိုဝါကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားကြသူတွေပါ။ သူတို့ နှစ်ဦး ကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက်ဖန်တီးလိုက်တဲ့ ရုပ်ရှင်ကားကြီး ဖြစ်တဲ့' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေကို ခိုင်ခိုင်မာမာ ရရှိခဲ့ပြန်ပါသေးတယ်။