ထိတွေ့ထားသူ (၃၀)ဦးထဲက (၃)ဦးမှာ တွေ့ရှိခဲ့တာပါ။

နေပြည်တော် ပျဉ်းမနားမြို့အချုပ်က အချုပ်သား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အဆိုပါ အချုပ်သားနဲ့ ထိတွေ့ထားတဲ့ ရဲတပ်သားတွေနဲ့ အချုပ်သားတွေကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာနောက်ထပ် အချုပ်သား (၃)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၃)ရက်နေ့က ပျဉ်းမနားအချုပ်ခန်းက အချုပ်သား တစ်ဦးမှာ ပိုးတွေ့ရှိခဲ့ပြီးနောက် စခန်းကို ပိုးသတ်ဆေးဖြန်းတာတွေဆောင်ရွက်ခဲ့သလို ထိတွေ့ထားသူ အယောက် (၃၀)လောက်ကိုလည်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ သီးသန့်ခန်းတွေနဲ့ ကွာရန်တင်းထားရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ထိတွေ့ထားသူ (၃၀)ဦးထဲက နောက်ထပ် (၃)ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ ပထမဆုံး ပိုးတွေ့အချုပ်သားနဲ့ ထိတွေ့ထားတဲ့ အချုပ်သား (၂၅)ဦး ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အားလုံး (၃၀)လောက်ကို ကွာရန်တင်းထားခဲ့တယ်။ နှစ်ပတ်အတွင်း swabယူပြီး ဓာတ်ခွဲစစ်ဆေးတော့ နောက်ထပ် အချုပ်သား (၃)ဦးမှာ ပိုးထပ်တွေ့တာ။ အားလုံး ပိုးတွေ့အချုပ်သား (၄)ဦးရှိသွားပြီပေါ့”လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

ကွာရန်တင်းထားရှိထားတဲ့ သူတွေထဲက ထပ်မံပိုးတွေ့ရှိခဲ့တာဖြစ်လို့ ကျန်တဲ့သူတွေလည်း ကူးနိုင်တဲ့အခြေအနေရှိတာကြောင့် နောက်ထပ် ထပ်မံစစ်ဆေးသွာဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားက ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ (၁၃)ရက်နေ့ညက ထုတ်ပြန်တဲ့ပိုးတွေ့စာရင်းထဲမှာ ပါဝင်ခဲ့တာပါ။ အချုပ်ကနေ ထောင်ကိုပြောင်းရွေ့ဖို့အတွက် ဆေးထောက်ခံစာယူတဲ့အခါမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က